ဖယောင်းတိုင်မီးများဖြင့် ထိန်လင်းနေသည့် ဘုံကျောင်းအတွင်း၌ မျက်နှာအုပ်သောဦးထုပ်ကိုဆောင်းထားသည့် အိမ်ရှေ့စံမင်းသားဝမ်သည် ရှက်သွေးဖြာကာပြေးထွက်သွားသူ မိန်းမပျိုလေး၏ကျောကုန်းကိုကြည့်ရင်း ပြုံးပြုံးကြီးရပ်ကာကျန်ခဲ့သည်။
သူ၏လက်ထဲ၌ ခေါင်းစည်းကြိုးပြတ်အစလေးက နေရာယူလျက်..။
ခေါင်းလောင်းသံများစီစီရီရီထွက်ပေါ်နေသည့် ဤဘုံကျောင်းအတွင်းမှ မိန်းမပျိုလေးဟုထင်ရသောသူသည် အပြာနုရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားကာ ရင်ဘတ်ထိဖုံးသည့် ဇာပါသော ဦးထုပ်ရှည်ကိုဆောင်းလျက် ဘုံကျောင်းအပြင်သို့ တက်ကြွသောခြေလှမ်းများဖြင့်ထွက်သွားပါတော့သည်။
သူ၏လက်ထဲ၌ ကျောက်စိမ်းအသည်းပြားလေးတစ်ခု..။ဤမှစ၍ ရေစက်ဆိုးတို့သည် မည်မျှရှည်ကြာနိုင်မည်မှန်းမသိ..။
------------------------။
ပတ်ဝန်းကျင်၌ လေအေးအေးလေးက တဖြူးဖြူးနှင့်တိုက်ခိုက်နေသည်။ ပွင့်ကာစ မက်မွန်ပန်းပွင့်တို့သည် လေ၌ယိမ်းကနေကြသည်။ နှာသီးဝ၌တိုးဝင်လာသော သစ်ရွက်စိမ်းနံ့သည် ခေါင်းအားကြည်လင်စေရန်လုံလောက်သည်။
တောင်စွယ်၌နေပင်ဝင်လုပြီ..။ ကြက်ဥအနှစ်အရောင်သေးသေးလေးသည် တောင်များ၏နောက်၌ တစ်စွန်းတစပင်ထွက်ပေါ်တော့သည်။
"ရှင်..အရှင်ဘာကိုဆိုလို.."
သူမသည် ထစ်ထစ်အအဆိုရင်း အရှင့်အား မရဲတရဲကြည့်လိုက်မိသည်။ အရှင်သည် သူမအား အဓိပ္ပါယ်ပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေဆဲ.. ။
"အမတ်ချုပ်ကြီးသေတဲ့ကိစ္စမှာ ငါသံသယရှိတဲ့သူအနည်းငယ်တော့ရှိတယ်..။ မင်းရောဘယ်သူတွေလို့ထင်လဲ"
"အရှင်!.."
ခပ်တည်တည်သာဆိုသည့် ဝမ်အရှင်သည် သူမအော်ဟစ်လိုက်မိသည်။ ညနေ နေဝင်ရီတရောအချိန်၌ သူမမျက်နှာသည် ဒေါသအရှိန်ကြောင့် အရုပ်ဆိုးနေပါလိမ့်မည်။
"ချန်အမတ်ချုပ်ကြီးကိုသတ်ပစ်တာ မိဖုရားခေါင်ကြီးဆိုတာကို အရှင်ကိုယ်တိုင်သိရဲ့သားနဲ့..။ ဘာလို့လုံးဝမသိချင်ယောင်ဆောင်နေတာလဲ"
YOU ARE READING
𝕽ᥱgrᥱ𝗍 (Complete)
Fanfictionနောင်တတဲ့..။နောင်မှ တရတာအရှင်.. နောင်တတဲ့..။နောင်မှ တရတာအရှင်.. Starting date-30.4.2023 Ending date- 29.5.2023