သည်းထန်စွာရွာသွန်းနေသည့် မိုးစက်တွေကြားမှ ပေါ်ထွက်လာသည့် ဝမ်ဧကရာဇ်အား ညီလာခံအတွင်းမှအမတ်များသည် တအံ့တဩငေးကြည့်နေခဲ့သည်။
ရက်အတော်ကြာအောင်ပျောက်ဆုံးနေသည့် ဝမ်အရှင်သည် အနည်းငယ်ဟောင်းနွမ်းစပြုနေသည့် နဂါးဝတ်ရုံတော်အနီဖြင့် ညီလာခံအတွင်းသို့ ရယ်ပြုံးခြင်းမရှိသော မျက်နှာသေဖြင့်ဝင်ရောက်လာသည်။
သူလျှောက်လှမ်းလာသည့် လမ်းတစ်လျှောက်၌ ရေစက်များသည် ကြမ်းပြင်ပေါ်၌ တင်ကျန်သည်။
ဝမ်ဧကရာဇ်ဝင်လာချင်းချင်း၌ ညီလာခံအားကြီးမှူးနေသည့် မယ်တော်ကြီးသည် သူမ၏သားတော်အား စိုးရိမ်ပူပန်နေသောမျက်နှာထားဖြင့် ကြည့်ရှူနေသည်။
"အရှင်..ဘယ်တွေသွားနေတာလဲ..။ ကျွန်တော်မျိုး ဧကရီအတွက် သမားတော်သွားခေါ်ပေးအပြီးပြန်အလာမှာ အရှင်တို့ကိုမတွေ့တော့လို့ နေရာအနှံ့လိုက်ရှာလိုက်ရတာ အရှင်ဘာတွေသွားနေတာလဲဟမ်.."
စိုးရိမ်ပူပန်နေသည့် မျက်နှာထားဖြင့် ဝူကျွမ့်ယွမ်သည် သူညီလာခံအတွင်းသို့ဝင်လာချင်းချင်း၌ပင် မေးရှာသည်။ လက်မောင်းအား အဝတ်တစ်ခုဖြင့်စည်းနှောင်ထားသော ဟွာလွန်သည် အဝေးကနေပင် သူ၏သခင်ဖြစ်သူအား ငေးကြည့်နေလျက်..။
ဝမ်အရှင်သည် ဝူကျွမ့်ယွမ်၏မေးခွန်းအားမဖြေကြားဘဲ မယ်တော်ကြီးထိုင်နေသည့် ထိုင်ခုံဘေးရှိ သူ၏ပုလ္လင်ပေါ်၌ အိန္ဒြေရရဝင်ထိုင်သည်။ ညီလာခံမှအမတ်များသည် ဧကရီများပါလာလေမလားအမှတ်ဖြင့် အပြင်ဘက်သို့ လည်တဆန့်ဆန့်နှင့်..။
"အပြစ်သားတွေကိုခေါ်လာခဲ့"
ဝမ်အရှင်၏လေသံသည် ဆောင်းတွင်းအေးစက်သည်ထက်ပိုသည်။ မာကျောခြင်းမရှိသည့် လေသံသည် ပုံမှန်ထက်ပိုမိုတည်ကြည်သည်။ ရက်အတော်ကြာအောင်ပျောက်ဆုံးနေသည့် ဝမ်အရှင်သည် စိုးရိမ်ပူပန်နေသူများအား တစ်စုံတစ်ရာမှဖြေကြားခြင်းမရှိဘဲ အမှုစစ်ရန်သာကြိုးပမ်းတာကြောင့် မယ်တော်ကြီးနှင့်အမတ်များသည် ဝမ်ဧကရာဇ်အားမျက်နှာအား အရိပ်တကြည့်ကြည့်နှင့်..။
YOU ARE READING
𝕽ᥱgrᥱ𝗍 (Complete)
Fanficနောင်တတဲ့..။နောင်မှ တရတာအရှင်.. နောင်တတဲ့..။နောင်မှ တရတာအရှင်.. Starting date-30.4.2023 Ending date- 29.5.2023