Extra 2(Unicode)

3.1K 303 22
                                    

မီးခိုးရောင်တိမ်တစ်စုဆီမှ သည်းသည်းမည်းမည်းရွာကျနေသည့် မိုးစက်‌မိုးပေါက်များသည် ကမ္ဘာမြေပြင်ဆီသို့ ပြင်းထန်စွာကျရောက်သည်။

သည်းထန်သောမိုးကြောင့် အများပြည်သူအိမ်အပြင်သို့ထွက်ခြင်းမရှိခြင်းကြောင့် လမ်းမများပေါ်၌ မိုးသံများကလွဲလျှင် တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးနေ၏..။

သို့သော် မြင်းခွာသံအချို့သည် မိုးသံများကြားမှမသည်းမကွဲထွက်ပေါ်လျက်ရှိသည်။ စိုစိုရွှဲနေသော အဖြူရောင်ရှိသည့်မြင်းဖြူကြီးပေါ်၌ အနီရောင်နဂါးဝတ်ရုံဖြင့် ဝမ်ဧကရာဇ်သည် သူ့ရင်ခွင်ထဲမှအပြာနုရောင်ဝတ်ရုံဖြင့် ရှောင်းဧကရီအား လွတ်ထွက်သွားတော့မည့်အလား တင်းစွာပွေ့ဖက်ထားသည်။

ဝမ်အရှင်သည် မိုးရေကြောင့် ခိုက်ခိုက်တုန်အောင်ချမ်းနေပါသော်လည်း ဝေဒနာအား ဂရုပြုနိုင်ခြင်းမရှိဘဲ သူ၏ရှောင်းဧကရီအား တင်းကျပ်စွာပွေ့ဖက်ထားသည်။ သူ့ဆီက တစ်စုံတစ်ဦးမှ ဧကရီ့အားလုယူတော့မည့်အသွင်ဖြင့်..။

"ရှောင်းကျန့်!! မျက်လုံးမမှိတ်လိုက်နဲ့နော်..။ ငါပြောတာကြားလား။ ဘုံကျောင်းကိုရောက်တော့မှာ.."

"အေး..ကြားတယ်..။ မင်းတိတ်တိတ်နေလို့မရဘူးလား"

စိုးရိမ်တကြီးဆိုသည့် ဝမ်အရှင်အား ပြန်လည်ကာငေါက်ငမ်းသည့် မိဖုရားခေါင်သည် ဒဏ်ရာရထားတာတောင်မှ အမြင်ကတ်ဖို့ကောင်းသည်။ ဧကရီသည် သူ၏စိုးရိမ်ပူပန်မှုများကို နားမလည်ဘဲ အသားလွတ်မာနကြီးနေသော‌သူ..။

"ရှောင်းကျန့်..။ မင်းမိုးရွာတာကိုကြိုက်လား.."

"အေး..ပုံမှန်ဆိုရင်တော့ကြိုက်တယ်"

ဝမ်အရှင်၏အမေးကို ဧကရီသည်နွမ်းလျစွာပြန်ဖြေသည်။ မိုးစက်များသည် သူတို့အား လှောင်ရယ်လျက်..။

"ပုံမှန်ဆိုရင်ကြိုက်တယ်ဆိုတော့ အခုမင်းကမကြိုက်လို့လား"

ဧကရာဇ်သည် ဝမ်းနည်းတိုးလျစွာပြန်မေးရင်း ဧကရီ၏မျက်နှာပေါ်ကျဆင်းနေသည့် မိုးစက်‌များကိုသုတ်ပေးနေသည်။

𝕽ᥱgrᥱ𝗍 (Complete)Where stories live. Discover now