Extra-1(Unicode)

4.3K 316 20
                                    

ရေသေသဖွယ်တည်ငြိမ်နေခဲ့သော သူ၏နှလုံးသားလေးကို မသိမသာလှုပ်ခတ်စေခဲ့သူသည် အရောင်ရင့်များကိုသာသဘောတကျ ဝတ်ဆင်တတ်၏..။

လူမှန်းသိတတ်စအရွယ်၌ဖြစ်မည်..။ နန်းတွင်းရှိအမတ်များ၏သားသမီးများသည် အိမ်ရှေ့စံမင်းသားဖြစ်သည့်သူနှင့် တစ်တန်းတည်း ပညာသင်ခွင့်ရမည်ဟု ဖခင်မင်းကြီးမှအမိန့်ထုတ်ခဲ့စဉ်က သူနှာခေါင်းရှုံ့ခဲ့ဖူး၏..။

လူအများ၏အဆက်ဆံလုပ်ရသည်ကို သဘောမကျသောသူ့အား ဖခင်မင်းကြီးမှအပြစ်ပေးလိုက်သလိုပင်မို့..။

ပညာသင်သည့် ပထမရက်၌ သူသည် ကျောက်စိမ်းရောင်ဝတ်ရုံလေးကိုသေသပ်စွာဝတ်ပြီး ဆံနွယ်တွေကိုထုံးလို့ ကျောက်စိမ်းဆံထိုးလေးထိုးထားကာ စာသင်ဆောင်သို့‌လာခဲ့သည်။

ကျောက်စိမ်းရောင်ဝတ်ရုံဖြင့် ‌လုံးလုံးလေးဖြစ်နေသည့် သူ့အားအများမှ အားကျသည့်မျက်ဝန်းများဖြင့်ဝိုင်းကြည့်နေကြသည်ကို သူသဘောကျကာ ရင်ကိုကော့လို့ မာန်ပါပါလျှောက်လာခဲ့၏..။ သို့ပေမယ့် သူ၏အိန္ဒြေပျက်ပြားအောင် ဝတ်ရုံပေါ်သို့မတော်တဆလိုလိုနှင့် ရေလောင်းချသူကြောင့် သူစိတ်အနှောင့်အယှက်ဖြစ်သွားသည်။

"မတော်လို့.."

တည်တည်တင်းတင်းမျက်နှာပိုင်ရှင်ဆီမှ အေးစက်စက်ထွက်ပေါ်လာသည့်အသံကြောင့် သူဒေါသထောင်းခနဲထွက်သွားသည်။ ‌လက်တောင့်လောက်လူသေးသေးလေးသည် ဒေါသတွေနှင့်မလိုက်ဖက်မှန်းသိနေပေမယ့်ပေါ့..။

"ငါ့ကိုသေချာပြန်တောင်းပန်စမ်းပါ..။ ငါ့ကိုဘယ်သူလို့ထင်နေလဲ..။ ငါကအိမ်ရှေ့စံမင်းသား"

"သိသားပဲ.."

သူ့ထက်အရပ်အနည်းငယ်ရှည်သည့်ထိုလူသည် ခပ်ပြတ်ပြတ်သာပြော၍ သူ့အားကျော်တက်ရန်ပြင်သည်။ နန်းတွင်း၌ သူ့အားမထိလေးစားလုပ်ရဲသူမရှိတာကြောင့် အိမ်ရှေ့စံသည် သူ့အားမထီမဲ့မြင်ပြုလုပ်သည့် ထိုလူ၏လက်မောင်းအားလှမ်းဆွဲကာ..

"သိရင်သေချာပြန်တောင်းပန်လေ..။ အခုငါ့အင်္ကျီတွေစိုကုန်ပြီ"

သူ‌မျက်မှောင်ကျုံ့ကာဆိုတော့ အနီရင့်ရောင်ဝတ်စုံဖြင့်သခင်လေးသည် သူ့အားမျက်မှောင်ကျုံ့ကာ ငုံ့ကြည့်လာသည်။ ထို့နောက် နှစ်ကိုယ်စာကြားရုံအသံတိုးတိုးဖြင့်ဆို၏..။

𝕽ᥱgrᥱ𝗍 (Complete)Where stories live. Discover now