သူအိမ်ပြန်လာတော့ အိမ်မှာဘယ်သူမှမရှိဘူး
ဒါပေမဲ့ရှောင်းကျန့်ကားကိုတွေ့လိုက်တာမို့ သူနည်းနည်းတော့သတိထားမိတယ်လင်းယွမ်ပေးတဲ့cameraဗူးကိုပိုက်ပြီး အခန်းထဲဝင်လိုက်သည်
ထိုဗူးကိုစားပွဲပေါ်မှာချထားပြီး
သူကတော့မွေ့ယာပေါ်လှဲချလိုက်ကာ တော်တော်ကြာကြာတွေးနေမိတယ်"ဒီနေ့အစ်ကိုကစောစောပြန်လာတာ ဘာကိစ္စရှိလို့လဲမသိဘူး
အဆင်မပြေလို့လား
အလုပ်မှာ လုပ်စရာမရှိတာတော့မဟုတ်လောက်ပါဘူး"သူသွားမေးချင်ပေမဲ့ မမေးတော့ဘဲ ချက်ပြုတ်ဖို့ရာ သူ့အဝတ်အစားတွေကိုလဲလိုက်တယ်
အခန်းထဲကထွက်လာပြီး kitchenထဲဝင်လို့ ရေခဲသေတ္တာကိုအရင်ဖွင့်လိုက်သည်
သူဘာချက်ရမလဲ တွေးနေတုန်း သူ့နောက်မှာရှောင်းကျန့်ကရောက်နေပြီ
အလုပ်သွားတဲ့ဝတ်စုံတောင်မလဲရသေး အလျင်လိုနေတဲ့ပုံနဲ့သူ့ကိုရပ်ကြည့်နေတာ သူပြန်လှည့်ကြည့်လိုက်တော့ သူ့လက်ကိုအတင်းဆွဲကာ အခန်းထဲခေါ်သွားလေသည်
ရိပေါ်အခန်းထဲရောက်တော့ရှောင်းကျန့်ကသူ့အတွင်းအိတ်ထဲက တစ်ခုခုကိုနှိုက်ပြီး ကြမ်းပေါ်ပစ်ချလိုက်တယ်
ဓာတ်ပုံတွေ
ကြမ်းပြင်ပေါ်ကပုံတွေကိုကောက်ကြည့်တော့ လင်းယွမ်ကသူ့လက်ကိုကိုင်ထားတဲ့ပုံတွေ
သူတို့နှစ်ယောက်စကားပြောနေတဲ့ပုံတွေရော
ရိပေါ်ပုံတွေကိုကောက်ကိုင်လိုက်ပြီး"ငါ့နောက်ကိုလိုက်ဖို့လူလွှတ်ထားတာလား
အဲ့တာငါ့လွတ်လပ်ခွင့်ကိုဝင်နှောင့်ယှက်နေသလိုပဲ""ဘယ်သူလဲ"
"လင်းယွမ်.....အတန်းခေါင်းဆောင်
ကျောင်းတုန်းကသူငယ်ချင်း""ငါနဲ့လက်ထပ်ထားတယ်ဆိုတဲ့အသိလေး မင်းမှာရှိလား"
"မရှိဘူး....မင်းကရောငါ့ကိုမင်းရဲ့အမျိုးသားအဖြစ်လူရာသွင်းဖူးလား"
ရှောင်းကျန့်ကရိပေါ်ရဲ့လက်ကိုဆွဲကိုင်ကာ နံရံဘက်ကိုတွန်းလိုက်ပြီး သူ့အားနဲ့မရုန်းနိုင်အောင်ဖိလိုက်တယ်
ရိပေါ်မျက်နှာကိုတည့်တည့်ကြည့်ပြီး
YOU ARE READING
ᴀ sᴍᴀʟʟ ғᴏʀᴇsᴛ ɪɴ ᴍʏ ʜᴇᴀʀᴛ
Fanfiction"မင်းကိုမုန်းဖို့အကြောင်းပြချက်တစ်ခုတည်းနဲ့တင်လုံလောက်တယ် ဝမ်ရိပေါ်" "တကယ်လို့ကျွန်တော့်နှလုံးသားထဲမှာ တောအုပ်သေးသေးလေးတစ်ခုဖြစ်တည်နေခဲ့မယ်ဆို အဲ့တောအုပ်လေးကိုအနွေးဓာတ်ပေးတဲ့ နေခြည်နွေးနွေးလေးက ကိုကိုပဲဖြစ်မှာ" !!Art crd to owner