"ဒီမှာဘာထိုင်လုပ်နေတာလဲ....အရမ်းအေးတာကို"
လင်းယွမ်ရောက်လာပြီး သူ့လည်ပင်းကို မာဖလာလေးပတ်ပေးလိုက်တယ်
"ဘာမှမလုပ်ပါဘူး ပျင်းလို့ထွက်လာတာ"
"အိပ်တော့မလား....ဒီနေ့ပင်ပန်းနေခဲ့တာလေ"
"ငါမအိပ်ချင်သေးဘူး"
သူ့ကိုအနားမှာထိုင်ပြီး အဖော်ပြုပေးနေတဲ့လင်းယွမ်က လည်း ကောင်းကင်ကြီးကိုမော့ကြည့်လျက်
"လင်းယွမ်.....မင်းအိမ်ထောင်မပြုသေးဘူးလား"
"ငါလိုချင်တဲ့သူကငါ့ကိုမလိုချင်ဘူးဖြစ်နေလို့
ဒီတသက်တော့ပြုဖြစ်မယ်မထင်ဘူး""ဘာလို့လဲ.....လူတစ်ယောက်အတွက် ကိုယ့်ရဲ့လွတ်လပ်မှုနဲ့ပျော်ရွှင်မှုတွေကို စတေးရတာမတန်ပါဘူး
မင်းကိုလိုချင်တဲ့သူတွေမှအများကြီးကို
သူတို့ထဲကရွေးလိုက်""မဟုတ်သေးဘူးလေကွာ....ငါပြောချင်တာ
ငါလိုချင်တဲ့သူကိုပဲငါစောင့်တော့မှာပေါ့ ကျန်တာမလိုဘူးလေ
ဘာဖြစ်လို့ဆို ငါ့ရဲ့ပျော်ရွှင်မှုတွေကသူ့ကြောင့်ဖြစ်လာတာ
ငါ့ရဲ့လွတ်လပ်ခွင့်တွေကိုတော့ သူကသိမ်းဆည်းထားတာ"ရိပေါ်ဘာမှတောင်မပြောနိုင်တော့ဘူး
ခဏကြာတော့ သူတို့တည်းမဲ့အိမ်ကိုပြန်လာခဲ့ကြတယ်
အိမ်ထဲဝင်ပြီး ရိပေါ်ကဆေးသောက်ကာ အိပ်ဖို့ပြင်လေသည်တခန်းထဲဆိုပေမဲ့ အိပ်ရာတစ်ခုစီခွဲအိပ်ကြတာမို့ တစ်ယောက်တစ်နေရာဆီ
"ရိပေါ်.....မင်းဘာလို့ဆေးသောက်နေရတာလဲ"
"အားမရှိလို့လေ"
"ဪ"
ဘာမှဆက်မမေးတော့ဘဲ ဒီတိုင်းသာငြိမ်နေလိုက်တယ်
ဒီစကားတွေကိုသူယုံကြည်မယ်များထင်နေလားတကယ်ကိုအတွေးနက်တဲ့ညပဲ
နောက်နေ့ရောက်တော့ သူတို့အတူတူတောအုပ်ထဲကို ဓာတ်ပုံရိုက်ဖို့နဲ့ လေကောင်းလေသန့်ရှူဖို့လျှောက်လည်ကြလေသည်
ထုံးစံအတိုင်းပါပဲ ရိပေါ်က ကင်မရာလေးကိုလည်ပင်းမှာချိတ်ပြီး နောက်ကနေလိုက်လာခဲ့တယ်
တောင်ခြေကနေတက်ရတာမို့ မြေညီမနေဘူး
YOU ARE READING
ᴀ sᴍᴀʟʟ ғᴏʀᴇsᴛ ɪɴ ᴍʏ ʜᴇᴀʀᴛ
Fanfiction"မင်းကိုမုန်းဖို့အကြောင်းပြချက်တစ်ခုတည်းနဲ့တင်လုံလောက်တယ် ဝမ်ရိပေါ်" "တကယ်လို့ကျွန်တော့်နှလုံးသားထဲမှာ တောအုပ်သေးသေးလေးတစ်ခုဖြစ်တည်နေခဲ့မယ်ဆို အဲ့တောအုပ်လေးကိုအနွေးဓာတ်ပေးတဲ့ နေခြည်နွေးနွေးလေးက ကိုကိုပဲဖြစ်မှာ" !!Art crd to owner