မှီစရာပခုံးမရှိ တိုးဝင်စရာရင်ခွင်မရှိပေမဲ့ အငိုသန်တဲ့ကလေးလေးက ငါ့ကိုအားကိုးတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး ငါ့ရှေ့မှာ ငိုနေခဲ့တဲ့ အခိုက်အတန့်တွေကိုငါက ထပ်ရနိုင်ပါဦးမလား
ငါကရောဘာလို့များ ငါ့ရဲ့ပခုံးတဖက်နဲ့ ရင်ဘတ်တခြမ်းကိုတောင် သူ့ကိုမပေးနိုင်ခဲ့ရတာလဲ
အပိုင်မဟုတ်တောင် ခဏလေးလောက်မငှားနိုင်ခဲ့ရတာလဲဒါတွေကရေချိုးရင်းရှောင်းကျန့်တွေးနေခဲ့မိတာ
ရင်ဘတ်တွေကတင်းကြပ်တော့ အသက်ရှူရခက်တာပေါ့
သူ့ရဲ့အသက်ရှူသံတွေကို ထိုကောင်လေးကပဲခိုးယူထားသလိုတံခါးခေါက်သံကြားတာနဲ့ပဲ တဘတ်ကိုကောက်ပတ်လိုက်ပြီး အပြင်ထွက်လာခဲ့တယ်
အပြင်ရောက်တော့ အဖွားလင်းက အောက်ထပ်မှာမတ်တပ်ရပ်လျက်သားလေး စောင့်နေလေသည်အပေါ်ကအဝတ်တစ်ထည်ကောက်ဝတ်ပြီး ရေတောင်မသုတ်ရသေးဘဲ အောက်ဆင်းလာလိုက်တယ်
"အဖွားလင်း ထိုင်လေ
ဘာဖြစ်လို့လဲ""အဖွား စိတ်မလုံတဲ့အဆုံး မင်းသိသင့်တယ်ထင်တဲ့အရာတွေအကုန်လုံးကိုပြောပြခဲ့ချင်တယ်
မင်းကိုဆက်ပြီးမမှားစေချင်တော့ဘူး"အဖွားလင်းကိုရှောင်းကျန့်သေချာစိုက်ကြည့်နေဆဲ
အဖွားလင်းကထူးဆန်းနေတယ် သူ့ကိုသခင်အနေနဲ့စကားပြောနေတာမဟုတ်ဘူး မိသားစုဝင်တစ်ယောက်အနေနဲ့ပြောတဲ့ပုံမျိုး"ဘာများလဲ"
သက်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်ပြီး
"မင်းပါးပါးက မင်းအတွက်ဆိုရင်တော့အရမ်းတော်တဲ့သူတစ်ယောက်ပါပဲ
ဒါပေမဲ့ မင်းပါးပါးကမတရားဘူးလေ"ရှောင်းကျန့်နားထောင်နေဆဲ အဖွားလင်းကရှောင်းကျန့်မျက်နှာကိုစိုက်ကြည့်ပြီး
"မင်းနဲ့ ဝမ်ကလေးလေးက ဘာမှကိုသွေးမတော်စပ်ကြဘူး"
အဲ့စကားအဆုံးမှာရှောင်းကျန့်တစ်ကိုယ်လုံး ကျိန်စာတိုက်ခံထားရသလို ဆို့နင့်လာတာပဲ
ဘာမှ ဘာမှကိုတုံ့ပြန်မှုမရှိတော့တာ
VOCÊ ESTÁ LENDO
ᴀ sᴍᴀʟʟ ғᴏʀᴇsᴛ ɪɴ ᴍʏ ʜᴇᴀʀᴛ
Fanfic"မင်းကိုမုန်းဖို့အကြောင်းပြချက်တစ်ခုတည်းနဲ့တင်လုံလောက်တယ် ဝမ်ရိပေါ်" "တကယ်လို့ကျွန်တော့်နှလုံးသားထဲမှာ တောအုပ်သေးသေးလေးတစ်ခုဖြစ်တည်နေခဲ့မယ်ဆို အဲ့တောအုပ်လေးကိုအနွေးဓာတ်ပေးတဲ့ နေခြည်နွေးနွေးလေးက ကိုကိုပဲဖြစ်မှာ" !!Art crd to owner