intro

2.8K 117 22
                                    

"မင်းကိုမုန်းဖို့အကြောင်းပြချက်တစ်ခုတည်းနဲ့တင်လုံလောက်တယ် ဝမ်ရိပေါ် "
                                    Xiao zhan

"တကယ်လို့ကျွန်တော့်နှလုံးသားထဲမှာ တောအုပ်သေးသေးလေးတစ်ခုဖြစ်တည်နေခဲ့မယ်ဆို
အဲ့တောအုပ်လေးကိုအနွေးဓာတ်ပေးတဲ့ နေခြည်နွေးနွေးလေးက ကိုကိုပဲဖြစ်မှာ"
                                     Wang yibo

အရာအားလုံးက ဝမ်ကလေးလေး ထိုအိမ်ကိုစရောက်လာပြီးမှဖြစ်တယ်

"ဒါကမင်းရဲ့ညီငယ်လေးမို့ ကောင်းကောင်းဆက်ဆံရမယ်
အခုကစပြီးမင်းကတစ်ယောက်တည်းမဟုတ်တော့ဘူး"

ပါးပါးရဲ့ပြောစကားတွေကိုကြားနေတုန်းပဲ
ပါးပါးကသာဝမ်ရိပေါ်ကို အိမ်ခေါ်လာပြီး သူနဲ့မိတ်ဆက်ပေးခဲ့တာ

အဲ့ကောင်လေးက အနေအေးပြီးအရမ်းအလိုက်သိတဲ့အပြင် ချစ်ဖို့ကောင်းသေးတယ်
ဒါပေမဲ့ ခေါင်းမာတတ်တဲ့အကျင့်လေးက နည်းနည်းအမြင်ကပ်စရာကောင်းပေမဲ့ပေါ့
သူတို့အိမ်မှာ အိမ်အကူအဒေါ်ကြီးတစ်ယောက်ရှိတယ်

သူတို့က သခင်ဆိုပြီးနာမည်တပ် အခေါ်ခံရလောက်အောင် အရမ်းမချမ်းသာပါဘူး
ဒါပေမဲ့သုံးနိုင်ဖြုန်းနိုင်တဲ့အဆင့်အထိတော့ရှိတယ်

ငယ်ငယ်ကျောင်းသွားတိုင်း ပါးပါးကလိုက်ပို့နိုင်ပေမဲ့
အပြန်ကျလာမကြိုနိုင်ဘူး
အမြဲတမ်းလမ်းတစ်ဝက်ရောက်တိုင်း သူအမြင်ကပ်တဲ့
ပါးပါးခေါ်လာတဲ့ဝမ်ကလေးလေးကို ကုန်းပိုးရတယ်

ငါ့ညီလေးသာပြောတာ နာမည်က ငါ့လိုရှောင်းမျိုးရိုးလည်း မဟုတ်ဘူးလို့ ပြောတိုင်း
နားမလည်တဲ့ကလေးက ဘာမှနားမလည်တဲ့မျက်လုံးလေးနဲ့အမြဲသူ့ကိုပြန်ကြည့်တယ်

သူစိတ်မရှည်လို့တွန်းထုတ်တိုင်း ငိုသံတစ်ချက်မပြုဘဲ
ထိုကလေးလေးက သူ့ဘာသူပြန်ထတယ်
သူကလုံးဝကိုကြင်နာခြင်းကင်းမဲ့ခဲ့တာ

အထက်တန်းကျောင်းသားအရွယ်ရောက်တော့ သူတို့နှစ်ယောက်က အဖေတူအမေကွဲညီအစ်ကိုတွေဖြစ်မှန်း သိခဲ့တယ်

သူကအဲ့ကလေးလေးကိုမျက်နှာချင်းမဆိုင်ချင်လောက်အောင်မုန်း၏
ဝမ်မျိုးရိုးကလေးလေးကတော့ သူ့အနားလိုက်ကပ်နေတုန်းပဲ
---------

ᴀ sᴍᴀʟʟ ғᴏʀᴇsᴛ ɪɴ ᴍʏ ʜᴇᴀʀᴛOù les histoires vivent. Découvrez maintenant