"အာ....ကားကိုဘယ်လိုမောင်းတာလဲ
တိုက်မိကုန်မှာပဲ"လက်တစ်ဖက်ကရိပေါ်ရဲ့လက်ကောက်ဝတ်ကို ကိုင်ထားရင်း ရုန်းရင်းဆန်ခတ်အခြေအနေမို့ ကားကဟန်ချက်ပျက်ကာ လူတစ်ယောက်ကိုတိုက်မိမလိုဖြစ်သွားတာကြောင့် ရှောင်းကျန့်ကကားပေါ်ကဆင်းကာ
တောင်းပန်လေသည်ခမောက်အစုတ်ကိုဆောင်းထားတဲ့ ထိုသူက နည်းနည်းရစ်နေပုံပေါ်တာကြောင့် ရိပေါ်ကားပေါ်ကဆင်းလာပြီး
တောင်းပန်မယ်ကြံလေတယ်ဒါပေမဲ့ ထိုလူရဲ့မျက်နှာကိုမြင်တော့ ချက်ချင်းဆိုသလို ရှောင်းကျန့်လက်မောင်းကိုကိုင်ကာ ရှောင်းကျန့်နောက်ကိုပြေးဝင်မိသည်
ရိပေါ်ရဲ့အခြေအနေကိုရိပ်မိသွားသူက ရိပေါ်ကိုသေချာကြည့်ပြီး
"နေပါဦး....ဘယ်သူများလဲလို့ ငါတို့ရဲ့တူလေးမလား"
"လူမှားတာပါ"
"မမှားနိုင်ပါဘူး....သေချာပေါက်ဝမ်မျိုးရိုးပဲကို"
"အာ....ဒီကဦးလေးတို့က ဒီရပ်ကွက်မှာနေတဲ့ ဝမ်မျိုးရိုး ဝမ်xxကိုသိတာလား"
ဝမ်မျိုးရိုးဆိုတဲ့အသံကိုကြားတော့ ရှောင်းကျန့်ကစကားဝင်ပြောလာတယ်
"သေချာသိတာပေါ့ သူကဦးလေးမိန်းမလေ
သူတို့ကိုလာရှာတာဆို ဦးလေးတို့အိမ်သာလိုက်ခဲ့လေ
မင်းရှာနေတဲ့သူကငါ့မိန်းမပေါ့""ကောင်းတာပေါ့ ဦးလေးရှေ့ကလမ်းပြ ကျွန်တော်တို့လိုက်ခဲ့မယ်"
ရှောင်းကျန့်ကရိပေါ်ဘာဖြစ်နေလဲ နည်းနည်းလေးမှဂရုမစိုက်ဘူး
သူတို့နှစ်ယောက်လုံးကားပေါ်ပြန်တက်ပြီး ထိုသူရဲ့နောက်ကိုလိုက်သွားလေသည်
အဲ့အချိန်ကစပြီးရိပေါ်က ဘာစကားမှမပြောတော့ဘူးသာမန်အိမ်ဟောင်းလေးတစ်ခုကိုရောက်တော့ စက်ဘီးကထိုအနားမှာရပ်သွားတာကြောင့် ရှောင်းကျန့်ကလည်းကားကိုရပ်လိုက်ကာ ကားပေါ်ကဆင်းလာလိုက်တယ်
ရိပေါ်ကတော့ ဒီအတိုင်းရှောင်းကျန့်အနားမှာကပ်နေဆဲ
ထိုလူကရှောင်းကျန့်တို့ကိုချိုချိုသာသာနဲ့ အိမ်ထဲဝင်ဖို့ ခေါ်လေတယ်
DU LIEST GERADE
ᴀ sᴍᴀʟʟ ғᴏʀᴇsᴛ ɪɴ ᴍʏ ʜᴇᴀʀᴛ
Fanfiction"မင်းကိုမုန်းဖို့အကြောင်းပြချက်တစ်ခုတည်းနဲ့တင်လုံလောက်တယ် ဝမ်ရိပေါ်" "တကယ်လို့ကျွန်တော့်နှလုံးသားထဲမှာ တောအုပ်သေးသေးလေးတစ်ခုဖြစ်တည်နေခဲ့မယ်ဆို အဲ့တောအုပ်လေးကိုအနွေးဓာတ်ပေးတဲ့ နေခြည်နွေးနွေးလေးက ကိုကိုပဲဖြစ်မှာ" !!Art crd to owner