အားလုံးပြင်ဆင်ပြီးတော့ရိပေါ်ကိုပွေ့ကာ အခန်းထဲထည့်ထားလိုက်လေသည်
သူသိတယ် ရိပေါ်ကဒီအိမ်ကချက်တဲ့အစားအစာတွေကိုဘယ်လိုစားနိုင်မှာတုန်း
အဲ့တာကြောင့် အပြင်ထွက်ပြီးစားစရာအချို့သွားဝယ်လာခဲ့ပေမဲ့ ဘယ်လောက်မှမကြာတဲ့အချိန်အတွင်း သူပြန်လာတော့ ဒီပုံစံဖြစ်နေခဲ့တာပဲအခန်းကအရမ်းကြီးသန့်ရှင်းနေတာမဟုတ်တော့ စုတ်ပြတ်နေတယ်
အိပ်ပျော်နေသူကို ကုတင်ပေါ်မှာထားခဲ့ပြီး သူကအခန်းပတ်ပတ်လည်လိုက်ကြည့်မိသည်ဒီလိုအခန်းလေးနဲ့နေခဲ့ရတာလား
ဒါကသူသိတဲ့ဝမ်ရိပေါ်နေတာမှဟုတ်ရဲ့လား ပြီးတော့သူတို့ကအရမ်းစုတ်ချာဆင်းရဲတာပဲ
ဒီလိုဘဝကိုဘယ်လိုဖြတ်ကျော်လာခဲ့ရတာလဲ
သူတွေးလို့မပြီးနိုင်ဘူး နံရံတွေကမည်းညစ်နေတာပဲသူထင်ခဲ့တာ ဒီလိုဖြူဥနုဖက်တဲ့ကလေးမျိုးက မျက်နှာဖုံးအသိုင်းအဝိုင်းမျိုးရိုးကြီးက လာလိမ့်မယ်ဆိုတာလေ
အခုတော့သူ့ပုံစံနဲ့သူနေရတဲ့နေရာနဲ့က နည်းနည်းလေးမှလိုက်ဖက်မနေဘူး
တကယ်ပဲ ဝမ်ရိပေါ်ရဲ့ဘဝနောက်ကြောင်းကဘာတွေလဲ သူအရမ်းစိတ်ဝင်စားလာတယ်ဟိုကြည့်သည်ကြည့်ကြည့်နေရင်းနဲ့မှ အံဆွဲကိုဖွင့်ကြည့်လိုက်တော့ တစ်ခုခုညပ်နေပုံ ဖွင့်မရဘူး
အားနဲ့ဆွဲဖွင့်လိုက်တော့ ထောက် ဆိုတဲ့အသံနဲ့အတူ ပစ္စည်းတစ်ခုခုကကုတင်အောက်ပြုတ်ကျသွားလေသည်ဆွဲကြိုးသေးသေးလေး
အသဲပုံလော့ကတ်သီးလေးနဲ့ သံချေးတောင်တက်နေပြီ
ဖွင့်ကြည့်မယ်ကြံတော့ တံခါးဖွင့်သံနဲ့အတူ မုဟန်ရောက်လာတာကြောင့် ဆွဲကြိုးလေးကိုအိတ်ထဲထည့်လိုက်ပြီး"အန်တီဘာဖြစ်လို့လဲ....."
"ဟိုမှာလေ စားဖို့သောက်ဖို့အကုန်ပြင်ဆင်ပြီးပြီ
အဲ့တာလာစားကြတော့လို့ပြောတာ""ကျွန်တော်~~~~"
ရိပေါ်ကိုတစ်ချက်ကြည့်လိုက်တယ် ငြိမ်နေသေးတာကြောင့်
"အန်တီတို့စားနှင့်....ကျွန်တော်သူနိုးလာမှပဲ သူနဲ့အတူစားလိုက်မယ်"
"ဒါဆိုအန်တီတို့အရင်စားမယ်နော် လူကြီးဆိုတော့အစာမခံတော့ဘူးလေ ဟဲဟဲ"
YOU ARE READING
ᴀ sᴍᴀʟʟ ғᴏʀᴇsᴛ ɪɴ ᴍʏ ʜᴇᴀʀᴛ
Fanfiction"မင်းကိုမုန်းဖို့အကြောင်းပြချက်တစ်ခုတည်းနဲ့တင်လုံလောက်တယ် ဝမ်ရိပေါ်" "တကယ်လို့ကျွန်တော့်နှလုံးသားထဲမှာ တောအုပ်သေးသေးလေးတစ်ခုဖြစ်တည်နေခဲ့မယ်ဆို အဲ့တောအုပ်လေးကိုအနွေးဓာတ်ပေးတဲ့ နေခြည်နွေးနွေးလေးက ကိုကိုပဲဖြစ်မှာ" !!Art crd to owner