part(14)

779 65 15
                                    

"ဝုန်း~~~~~"

အခန်းတံခါးကိုအကြမ်းပတမ်းဆောင့်ပြီးတွန်းဖွင့်လိုက်လို့ထွက်လာတဲ့အသံနဲ့အတူ
ထျန်ကျိုးက အခန်းထဲကိုဒေါသအပြည့်နဲ့ဝင်ရောက်လာတယ်

"မင်းတို့နှစ်ယောက်ကလူတွေတောင်ဟုတ်သေးရဲ့လား"

မူးပြီးရီဝေနေတဲ့ရှောင်းကျန့်ကို ပစ်လှဲပြီးအပေါ်ကနေတက်ခွမယ်ကြံနေတဲ့ပိုင်ချင်းကို ပခုံးကကိုင်ကာ ဆွဲလွှင့်ပစ်လိုက်တယ်

သူကိုယ်တိုင်ရှောင်းကျန့်​ပေါ်တက်ခွပြီး ရင်ဘတ်နားကအင်္ကျီစတွေကိုဆွဲဆုတ်ကာ

"မင်းကဘာအချိုးချိုးတာလဲ
ကိုယ့်အပေါ်အရမ်းအောက်ကျခံပြီး အနွံနာခံတတ်တဲ့လူတစ်ယောက်ကို အဲ့လိုတွေကျေးဇူးဆပ်နေတာလား
မင်းလုပ်ရပ်တွေကလေ အရမ်းကိုကွာ"

အသိတောင်မရှိတဲ့ရှောင်းကျန့်ကို လက်သီးနဲ့နှစ်ချက်လောက်ဆင့်ထိုးလိုက်တယ်

ထျန်ကျိုးကအခုချိန်အရှိန်ဟုန်ပြင်းပြင်းနဲ့ ပေါက် ကွဲနေတဲ့ဗုံးတစ်လုံးလိုပဲ

"ထျန်ကျိုး....နင်ကဘာလုပ်တာလဲ"

"အဲ့တာငါပြန်မေးရမှာ.....နင်ကဘာလုပ်တာလဲ
နင်တို့နှစ်ယောက်ကပြီးသွားပြီ
သူ့မှာလက်တွဲဖော်ရှိတယ်.....နင့်မှာရော နင့်မိသားစုဆိုတာမရှိလို့လား"

ပိုင်ချင်း ထိုင်ရာကနေမော့ကြည့်ပြီး

"ငါတို့ခုချိန်ထိတစ်ယောက်ကိုတစ်ယောက်လိုအပ်နေကြတုန်းလေ ဒါကိုနင်ကမသိလို့လား
အခုနင့်အမြင်ပဲလေ"

ထျန်ကျိုးက ရှောင်းကျန့်ကိုယ်ပေါ်ကဆင်းလိုက်ပြီး
ပိုင်ချင်းရှေ့သွားကာ

"နင်ကသာ နင့်အမျိုးသားနင့်အပေါ်မကောင်းတော့ အစားထိုးပြီး အသုံးချချင်လို့သူ့ကိုလိုအပ်နေတာ
သူကနင့်ကိုနည်းနည်းလေးမှမလိုအပ်ဘူး
ခုချက်ချင်း နင့်အမျိုးသားဆီကိုပြန် ငါဖုန်းဆက်ပြီးလာခေါ်ခိုင်းရင် နောက်ဆက်တွဲကိုနင်သိတယ်နော်"

"တောက်စ့်"

ပိုင်ချင်းစိတ်တိုသွားတယ် ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး ရှောင်းကျန့်ဆီကိုသွားကာ

ᴀ sᴍᴀʟʟ ғᴏʀᴇsᴛ ɪɴ ᴍʏ ʜᴇᴀʀᴛWhere stories live. Discover now