အမှတ်တရတွေလည်းတဖြည်းဖြည်းများလာပြီးပိုပြီးနွေးထွေးတဲ့ဆက်ဆံရေးတစ်ခုပေါ့ မနက်မိုးလင်းကနေညအထိ အစ်မနဲ့သာအချိန်တွေကိုကုန်ဆုံးတယ်
အပြင်မှာတွေ့ရပေမဲ့လည်းအိမ်ရောက်ရင်တောင်ပြောစရာစကားမကုန်ကြသေးဘူးအခုနောက်ပိုင်း အစ်မက ယောင်းကို မရဲ့ကလေးလေးလို့ခေါ်တတ်လေ့ရှိတယ်။တွဲနေတဲ့အခြေအနေနဲ့တောင်တူနေသေးသည်။ဒါပေမဲ့ ယောင်းအရှေ့သို့မဆက်ရဲသေးပါ။
အော် အစ်မကိုစောင့်ရင်းအတွေးလွန်နေမိတာ
အစ်မတောင်ရောက်လာပြီ"ယောင်း ဘာတွေတွေးနေတာလဲ ငြိမ်နေတာပဲ"
"အစ်မအကြောင်းလေ အဲ...မဟုတ်ပါဘူး"
"ကဲ မလိမ်ပါနဲ့"
"မလိမ်ပါဘူး"
"မုန့်၀ယ်လာတယ်ရော့ စား"
"ဟင့်အင်း"
"ယောင်းဟာလေ အစ်မကျွေးရင်ဘယ်တော့မှမစားဘူး
လာ. .ခွံကျွေးမယ်"ငြင်းလို့မရတော့လည်း အစ်မကျွေးတာသာစားလိုက်ရတော့သည်။
"အခုလေ သူငယ်ချင်းတွေကဘာတွေဖြစ်နေကြတာလဲမသိဘူး။ယောင်းကိုလည်းမခေါ်မပြောကြဘူး"
"အစ်မရှိပါတယ်ယောင်းရဲ့"
အဲ့လိုပြောလိုက်တာကိုသဘောကျပေမဲ့ အစ်မဟာယောင်းသူငယ်ချင်းမှမဟုတ်ပဲ အစ်မနဲ့သူငယ်ချင်းဖြစ်ချင်တာမှမဟုတ်ဘဲ
"ဟုတ်"
---------------------------------------
နောက်နေ့အစ်မကိုတွေ့ဖို့သွားမလို့ကို အစ်မနေမကောင်းတာကိုသိလိုက်ရတော့ လူဟာပူထူသွားတယ်
ဖုန်းကိုကောက်ကိုင်လိုက်ပြီး
*မ နေမကောင်းဘူးဆို*
*အေးဆေးပါ ယောင်းရဲ့*
*ဟာ မရပါဘူး သေချာဂရုစိုက်အုန်းလေ နော် မ*
*ဟုတ်ကဲ့ ဒါဆို မ အိပ်တော့မယ်နော်*
*ဟုတ် *
*အာဘွား မရဲ့ကလေးလေး*
ဘာပြန်ပြောရမှန်းမသိအောင်တစချက်ကြောင်သွားမိသေးတယ် နေမကောင်းလို့ပဲ ပြောမိသွားတာလား
YOU ARE READING
ɴᴇᴠᴇʀ ᴇɴᴅɪɴɢ
Romanceအနီးဆုံးမှာနေချင်တယ် အနီးဆုံးမှာမှ မနေရရင် အ၀ေးဆုံးကအကောင်းဆုံးပဲဖြစ်မယ်ထင်တယ်ဂျိန်း။