အသစ်ပြောင်းလာပြီး အခုနောက်ပိုင်းမှအပြင်ထွက်ဖြစ်တဲ့ ယောင်းကို ယောကျာ်းလေးတွေကစိတ်၀င်စားကြတယ် အဲ့တာကိုကျွန်မမနှစ်သက်လှပါ"ဟဲ့ ဂျဲန်းနီရူဘီဂျိန်းခင်မ်"
"ဘာလဲ"
"နင်နဲ့အမြဲ တပူးပူးတတွဲတွဲရှိတဲ့ကောင်မလေးကိုသဘောကျတယ်ဟာ။ ချိတ်ပေးပါလား"
ဒီငနဲကတော့စိတ်ပျက်စရာပါ ယောင်းမပြောင်းလာခင်တုန်းကကျွန်မကိုကြိုက်တယ် အခုလည်းယောင်းကို...
"ဟာ မရပါဘူး"
"ဘာလို့လဲ သူငယ်ချင်းအချင်းချင်းကို"
"ဟာ ယောင်းကသူ့ဟာသူအေးဆေးနေချင်တာ သွားမရှုပ်ချင်ပါနဲ့"
"မရပါဘူး ဒီညသူနဲ့တွေ့ချင်တယ်ဟာ"
ဒီကောင်ကများ ယောင်းကိုတွေ့ချင်တယ်တဲ့
ယောင်းလေးအောက်မဆင်းလာပါစေနဲ့ အောက်မဆင်းလာပါစေနဲ့ပြောနေရင်းနဲ့ကို....
"မ ရေ ယောင်းလာပြီ"
"အား shit"
ဟိုကောင့်အကြည့်ကချက်ချင်း ယောင်းအပေါ်ရောက်သွားတယ်
"ညီမလေး......"
ငါခေါ်မလို့ကို ဒီကောင်ကအရင်ညီမလေးတဲ့
"ယောင်း ဟိုဘက်သွားမယ်နော် လာလာ"
"ဟုတ်"
အစ်မကဘာဖြစ်တာလဲမသိ တစ်ခြားနေရာကိုသာအတင်းခေါ်သွားနေတော့တယ်
"အော် ဒန်းမှာထိုင်ပြီးစကားပြောရအောင်လို့လေ"
"ဟုတ် မ"
ယောင်းကိုစကားပြောမလို့ပဲရှိသေးတယ် နောက်ထပ်တစ်ကောင်ယောက်လာပြန်ပြီ
"နှစ်ယောက်တည်းဘာထိုင်လုပ်နေကြတာလဲ"
"ငါ့ဟာငါဘာလုပ်လုပ်ပေါ့"
တော်သေးတာပေါ့ ဒီကောင်ကတော့ယောင်းနဲ့ရွယ်တူဆိုတော့ ယောင်းကပြောလိုက်လို့။ ယောင်းကကျွန်မနဲ့သာ
စကားကိုချိုချိုသာသာပြောတာ ကျန်တဲ့လူတွေနဲ့အဲ့လောက်အရောမ၀င်ဘူး။ သူ့ကိုလိုက်စတဲ့အစ်မကြီးတွေဆိုရင်တောင် အေးစက်စက်အကြည့်ကြီးနဲ့သာပြန်ကြည့်တတ်တယ် မခံနိုင်တဲ့ကျွန်မကတော့ကာကွယ်ပေးရတာပေါ့လေ...
YOU ARE READING
ɴᴇᴠᴇʀ ᴇɴᴅɪɴɢ
Romanceအနီးဆုံးမှာနေချင်တယ် အနီးဆုံးမှာမှ မနေရရင် အ၀ေးဆုံးကအကောင်းဆုံးပဲဖြစ်မယ်ထင်တယ်ဂျိန်း။