part 20

85 12 4
                                    


မနက်နိုးလာတာတောင် ခြေထောက်တွေကယိုင်နဲ့နဲ့ရယ်
ထိုးခနဲကိုက်သွားတဲ့ခေါင်းရယ် မျက်စိတွေကခဏပြာသွားသေးတယ်။ မနက် ၉ နာရီ

အင်းစောတာပေါ့ ဒီလိုပိတ်ရက်ကိုဒီအချိန်ဘယ်တုန်းကမှမထဖူးတာကို

ဒီဒီဒီ (ဖုန်းမြည်သံ)

"အဆင်ပြေရဲ့လားနင်"

"မပြေဘူး သူ့ကိုနင်ဆက်သွယ်တာဘယ်လိုလဲ"

"ဂျင်းနီခင်မ်က..."

"ဘာလဲဆက်ပြောလေ"

နာမည်လေးပဲကြားရသေးတယ် ရင်တွေကတုန်လာတဲ့အထိလွှမ်းမိုးနိုင်တဲ့မိန်းမပါလေ ဆက်သွယ်လို့ရောရလား။ယောင်းနဲ့ပတ်တတ်တဲ့လူမလို့ဆိုပြီး လစ်လျူရှုလိုက်လေလား။

"ငါပြောလို့မထွက်ဘူးဟ screenshotပို့ပေးမယ်လေ"

"အင်း မြန်မြန်ပို့ငါရင်တုန်လို့"

"ပတ်ချယ်ယောင်းရဲ့သူငယ်ချင်း ဆွန်းချယ်ယောင်းပါ
အစ်မဂျင်းနီနဲ့လည်း တစ်ခါမှမတွေ့ဖူးပေမဲ့ ချယ်ယောင်းကအမြဲပြောလို့ရင်းနှီးသလိုပါပဲ။
ချယ်ယောင်းကအစ်မကိုတကယ်အရမ်းချစ်ပါတယ်။ အမြဲတမ်းအေးဆေးနေတတ်တဲ့သူက အစ်မအကြောင်းတွေပြောရင် ပျော်နေတတ်တဲ့လူရယ်ပါ။ပုံမှန်တဲ့တကယ်ကွာပါတယ်။ တစ်ခုခုဆိုအစ်မကိုမပြောပေမဲ့ ညတိုင်းလိုလိုငိုနေတာက ညီမအမြဲမြင်တွေ့နေရတာမို့။ ညကလည်းတုန်ပြီးငိုနေရှာတာ။ပတ်ချယ်ယောင်းကိုသနားသောအားဖြင့် တစ်ခေါက်လောက်ပဲ ပြန်စဥ်းစားပေးပါ။"

"ညီမရယ် အစ်မခံပြင်းသွားတယ်။အစ်မလည်းစဥ်းစားချင်ပေမဲ့ သူ့စိတ်ထဲမှာ ခင်မ်ဂျီဆူးပဲရှိတယ်လို့ထင်တယ်။ ချယ်ယောင်းရှေ့မှာမေ့ချင်ယောင်ဆောင်ထားရပေမဲ့ ဒီလောက်နှစ်တွေအကြာကြီးဘယ်မေ့နိုင်ပါ့မလဲ။ အစ်မလည်းအရမ်းချစ်ပါတယ် သံယောဇဥ်ရှိလို့အစ်မတွဲခဲ့တဲ့လူလေ။အစ်မကအကြီးဆိုပေမဲ့ သူနဲ့ပတ်သတ်ရင်ကလေးဆန်ပြီးအတွေးလွန်မိတယ်။

"မဟုတ်ဘူး အစ်မ။ ဂျီဆူးကိုကသူရွဲ့တွဲခဲ့တယ်ဆိုတာအသိအသာကြီးပဲလေ။ အစ်မနဲ့ပြတ်ဖို့ကသူကိုယ်တိုင်စီစဥ်ပြီး သူကခပ်တန်းတန်းနေမယ်စဥ်းစားပေမဲ့သူ့ပုံကတကယ်အဆင်မပြေတာ။သူကအစ်မကိုအကုန်လုံးထက်ပိုချစ်တာ။"

ɴᴇᴠᴇʀ ᴇɴᴅɪɴɢWhere stories live. Discover now