"မင်ဂီးဒီနားမှာရောက်နေတယ် ဂျင်းနီနဲ့စကားပြောချင်လို့ထင်တယ်"
"ဘာ..."
"ခဏလွှတ်ထားလိုက်ပါ"
ပြောစရာပါမရှိတော့တဲ့အထိ ယောင်းရင်တွေလွတ်ဟာသွားခဲ့တာပဲ။ မျက်စိရှေ့မှာတင်ဖြစ်ပျက်သွားခဲတာလေ။ ဘာမှမှမတတ်နိုင်တာ တစ်ယောက်တည်းပဲထိုင်ကျန်နေခဲ့လိုက်တယ်။
ရင်ထဲတော့ပူလောင်လိုက်တာတအားပဲ။ ဘာလုပ်ပေးရမယ်မှန်းလည်းမသိဘူး၊ငါနဲ့ရောဆိုင်လိုလားဆိုတဲ့အတွေးကလည်း၀င်လာတယ်။
ဖုန်းကိုငုံ့ကြည့်လိုက်တော့ missed callတွေ
>>မောင်ကဖုန်းမကိုင်တော့စာပဲပို့လိုက်တာ။
ဆူးသူငယ်ချင်းတွေနဲ့နည်းနည်းသောက်မှာမလို့လေ
တော်ကြာနည်းနည်းမူးသွားရင် မောင့်ကိုရစ်နေမှာဆိုးလို့ ဆူးဖုန်းမသုံးတော့ဘူးနော် အဲ့တာလှမ်းပြောတာ။
ချစ်တယ်ကလေးလေး စောစောအိပ်တွေးတတ်လိုက်တာ သူ့ကိုယ်သူတောင်မရရအောင်ပြန်ထိန်းတဲ့မိန်းမပဲ။ခင်ဂျီဆူးကအဲ့လိုမျိုး မိန်းမပါလားလို့အံသြမိနေတုန်း
"ငါပြန်တော့မယ်နော် ယောင်း"
မျက်နှာကလည်းမကောင်းသလို ရွဲကျနေတဲ့မျက်ရည်တွေကိုမကြာခင်ကမှသုတ်ထားတဲ့မျက်နှာမျိုးနဲ့ဂျိန်း။
ကျွန်မကသူ့လက်ကိုလှမ်းဆွဲကာ
"ဘာဖြစ်ခဲ့လို့လဲ ပြောအုန်းလေ"
"ဟင့်အင်းသွားပြီနော်"
အမြန်ပြေးထွက်သွားတော့လည်းကျွန်မမှာကြောင်တောင်တောင်နဲ့နေခဲ့ရတာပါပဲ။
"ဂျိန်းက တော်တော်စိတ်ထိခိုက်သွားပုံပဲ။ ညီမလေးလိုက်သွားချော့ပေးပါလားကွယ်"
ခင်မ့်စကားမှာယောင်းတော်တော်ကြောင်သွားမိတယ်။ ဘာဖြစ်မှန်းမသိ ကိုယ့်ချစ်တဲ့သူက သူ့ရည်းစားနဲ့ဖြစ်တဲ့ပြသနာကို
ဘာမှမဆိုင်ပဲ၀င်ချော့ရမယ်ဆိုပဲ။"သူပြောတော့ပြတ်ကြပြီဆို အခုကဘာဖြစ်တာလဲ"
"အထင်လွဲကြတာထင်ပါတယ်"
YOU ARE READING
ɴᴇᴠᴇʀ ᴇɴᴅɪɴɢ
Romantizmအနီးဆုံးမှာနေချင်တယ် အနီးဆုံးမှာမှ မနေရရင် အ၀ေးဆုံးကအကောင်းဆုံးပဲဖြစ်မယ်ထင်တယ်ဂျိန်း။