part 13

136 17 1
                                    

လမ်းလျှောက်တိုင်းလစ်ဟာနေသလိုခံစားနေရတာ
လိုအပ်နေတာကသေချာပေါက်အဲ့အမျိုးသမီးရဲ့လက်ဖ၀ါးလေးတစ်ခုသာ။ အဲ့လက်ဖ၀ါးလေးကိုသာဆုတ်ကိုင်ပြီးလမ်းလျှောက်ရမယ်ဆို ပြီးပြည့်စုံမှုဆိုတာကိုခံစာယရမယ်ထင်တယ်။

အကြာကြီးနေမှပြန်တွေ့တာပဲကို လူကိုအဲ့လောက်ကပ်နေခဲ့တာဟာ သူမူးနေခဲ့လို့ပဲဖြစ်ပါစေလို့ဆုတောင်းမိတယ်။
ချစ်နေသေးတာကမှန်တယ်။ ထိတွေ့မိတဲ့အခါမလွန်ဆန်နိုင်တာမှန်တယ်ဆိုရင်တောငမ လိုချင်လားလို့မေးလာခဲ့ရင်ဟင့်အင်းလို့ဖြေမိမယ်ထင်တယ်။

အမြဲတမ်းရင်ဘက်ဗလာနဲ့ရှင်သန်ရတဲ့လူလိူဖြစ်ခဲ့တာ။
အစ်မကိုဆုံးရှုံးသွားတာမဟုတ်ပဲ ကိုယ့်ကိုကိုယ်ဆုံးရှုံးလိူက်ရသလိုမျိုးလေ။

တီတီတီ (ဖုန်းမြည်သံ)

"ဟယ်လို ပတ်ချယ်ယောင်းပြောနေပါတယ်"

"ဟယ်လို ယောင်း"

ဒါဟာသေချာပေါက်ဂျဲန်းနီခင်မ်ပဲပေါ့

"ဖုန်းမချပါနဲ့ pls...တို့နဲ့စကားအေးဆေးပြောရအောင်
Cafè မှာလာတွေ့နိုင်မလား"

"ညီမတို့ကြားမှာပြောစရာဘာမှမရှိဘူးထင်တယ်"

ယောင်းကဒီလောက်တောင်ခါးသီးတတ်သွားမှန်း ကျွန်မမသိခဲ့တာအမှန်

"တကယ်လို့မချစ်တော့တာသေချာရင် မေ့ပစ်လိုက်ပြီဆိုတာသေချာရင် တို့ကိုလာတွေ့ရဲရမှာပေါ့ မိတ်တွေဟောင်းတွေအနေနဲ့စကားပြောတာပဲကို။ ဘာလဲ သတ္တိမရှိ...."

"ညီမလာတွေ့မှာမို့ လိပ်စာပို့ထားလိုက်"

အကြံကအလုပ်ဖြစ်သားပဲ ယောင်းကတကယ်ကိုမေ့နိုင်ပါတယ်ဆိုတာကြီးကိုသက်သေပြချင်နေတာဆိုတော့ သူဒီလိုရွေးချယ်မယ်ဆိုတာ ကျွန်မကြိုတွက်ထားသားပဲ။
ယောင်းအကြောင်းကို ကျွန်မထက်သိတာ ဒီကမ္ဘာပေါ်မှာဘယ်သူရှိအုန်းမှာမလို့လဲ။

......

စုတ်ပျက်သတ်ခဲ့ပါပြီ ပျက်စီးခဲ့ပြီးပါပြီဆိုတဲ့ဟာကို အစ်မကဘာတွေဒဏ်ရာထက်ပေးချင်လည်းတော့မသိ။
အခုလိုချိန်းဆိုလာကတည်းကကြောက်မိတယ်။

ɴᴇᴠᴇʀ ᴇɴᴅɪɴɢWhere stories live. Discover now