part 10

116 17 4
                                    

"ဒီမှာအိပ်မယ်လို့တော့မပြောနဲ့နော်။ပြီးတော့ပိုင်စိုးပိုင်နက်နဲ့မောင်လို့ခေါ်နေတာတွေတော်တော့"

"အင်းပါ မကြိုက်ရင်မခေါ်တော့ပါဘူး"

"အင်း"

"တို့ကိုဒီတစ်ညတော့ပေးအိပ်ပါ။ သိတဲ့အတိုင်းအိမ်က
အမေနဲ့ရန်ဖြစ်လာတာ။ မမကလည်းသူ့သူငယ်ချင်းတွေနဲ့ထင်တယ် နော် ကျေးဇူးပြုပြီးယောင်း"

သနားဖို့ကောင်းတဲ့မျက်၀န်းတွေနဲ့ကြည့်လာတာကတော့
သနားတတ်မှန်းသိလို့အနိုင်ယူပုံကြနေပါရောလား အစ်မ

"ငယ်ငယ်ထဲကနေ အခုချိန်ထိ အန်တီနဲ့ပဲရန်ဖြစ်နေတာပဲလား ။ ဒီမှာတစ်ခြားချယ်သူမရှိနေခဲ့ရင်ဘယ်လိုလုပ်မလဲ"

ဆူနေတဲ့လေသံနဲ့ဆိုပေမဲ့ စိတ်ပူပုံပေါက်နေတာပဲ
၀မ်းနည်းတဲ့မျက်နှာလေးနဲ့အောက်ကိုငုံ့ကိုသာငုံ့ကြည့်နေတဲ့ အစ်မကိုဘယ်လိုဆက်ပြီးဆက်ဆံပေးရမှာလဲ

"တော်ပြီ အိပ်တော့။ ချယ်ကဟိုဘက်အခန်းမှာ..."

"တို့နဲ့အိပ်ပေးပါ ကြောက်တယ်"

မူးနေရင်အရင်ကလိုပဲထိန်းရခက်နေတုန်းပဲ

"ဒါပေမဲ့...."

"Please....?"

"အင်းအင်း"

မတတ်နိုင်တဲ့အဆုံးတော့ခေါင်းညိမ့်ရမှာပဲမလား
မချစ်ပါဘူး ဂရုမစိုက်ပါဘူးလို့တော့ညာမရပေမဲ့
တစ်ချို့အရာတွေကအရင်ကလိုပြန်လုပ်လည်း အရင်ကခံစားချက်တွေမှပြန်မရနိုင်တော့ပဲ.....

Back to >

အဖြေပေးဖို့နေ့တိုင်းရစ်နေတဲ့ကလေးပုံသံနဲ့အစ်မပဲ
သူ့ကိုဒီလိုပုံစံလေးဖြစ်လိမ့်မယ်လို့တောင်စိတ်ကူးမယဥ်ရဲဘူးနောက်ပြီး အချစ်ဦးဖြစ်လာမဲ့လူဆိုတော့စဥ်းစားနေမိတယ်။ တိုင်ပင်ရအောင်လည်း ရင်းနှီးတာဘယ်သူမှအနားမှာမရှိဘူး သေချာပေါက်အနားမှာဆုတ်ကိုင်စရာ
သူတစ်ယောက်တည်းရှိနေတာပဲ

*အဖြေမပေးရင် မ ကမအိပ်တော့ဘူးနော်*

*ဟာ အဲ့လိုကြီးမဆိုးပါနဲ့*

*ဆိုးမှာပဲ ပေးပါနော် လိမ္မာပါတယ်*

*ပေးမယ်*

ɴᴇᴠᴇʀ ᴇɴᴅɪɴɢWhere stories live. Discover now