part 17

88 12 4
                                    

"ပတ်ချယ်ယောင်း ဘာဖြစ်နေ-"

ယောင်းရဲ့ဖုန်းကိုငုံ့ကြည့်လိုက်ကာ

"ဂျင်းနီရူဘီဂျိန်းခင်မ်မလား ငါ့ကိုပြစမ်း"

မျက်နှာသေနဲ့ဖြစ်နေတဲ့ယောင်းလက်ထဲက ဖုန်းကိုသူယူကကည့်လိုက်ပါတယ် ယောင်းမှာပြောစရာဘာမှကိုမရှိနေခဲ့တာ

သူကယောင်းလက်မောင်းကိုကိုင်ကာ

"အဆင်ရောပြေရဲ့လား နင်"

"....."

"ဟဲ့ပတ်ချယ်ယောင်း ဟိုရက်ထဲကဂျင်းနီခင်မ်နဲ့အဆင်မပြေတာငါတို့သိတယ်။ အခုဘာဖြစ်တာလဲပြော ပြောလို့"

လက်မောင်းကိုအားနည်းနည်းနဲ့ ဆွဲလာတော့မှ အတွေးတွေပြန်တည်ငြိမ်သွားတယ်

"အေး အဲ့ အဲ့တာက သူဖောက်ပြန်နေတာလားလို့မေးတုန်းက သူကပြောတယ် မဟုတ်ဘူးတဲ့။ ဟုတ်ရင်လည်းငါ့ထက်ဘယ်သူ့ကိုမှပိုချစ်မှာမဟုတ်ဘူး အပျော်ပဲတဲ့ အခုကြ..."

"ဘာလဲဟာ ဂျင်းနီခင်မ်က"

သူငယ်ချင်းရဲ့စိတ်ပျက်နေတဲ့လေသံက အ၀ေးကြီးကလှမ်းပြောနေသလိုတိုးတိုးသာနားထဲ၀င်တယ်။ ၀ဲတက်လာတော့မဲ့မျက်ရည်တွေကိုအပေါ်ကိုမော့ပြီးထိန်ထားတယ်။

ဟုတ်တယ်မလား ငါကဒီလိုမိန်းမပဲ။ ဒီလိုနေရာမှာငိုရလောက်တဲ့အထိငါမပျော့ညံ့ဘူးလေ

"ပတ်ချယ်ယောင်း တစ်ခုခုတော့လုပ်အုန်းလေ နင်သူ့ကိုမေးပါအုန်း။ နင်ဘာမှမခံစားရဘူးလား"

ဘာမှမခံစားရဘူးလားတဲ့ ငါ့ရင်ထဲလောင်နေတဲ့မီးကို ဘယ်သူကနားလည်မှာမလို့လဲ

"ငါမမေးချင်ဘူး မေးလို့ရန်တွေဖြစ်ရင်ပြတ်သွားမှာပေါ့။ ငါမသိချင်ယောင်ဆောင်မှာ ငါဘာမှမသိဘူး။"

"ချယ်ယောင်းရယ်"

မကြည့်ပါနဲ့အဲ့သနားတဲ့မျက်လုံးတွေ။ အစ်မကိုချစ်တယ်ဆိုတာသနားခံဖို့မှမဟုတ်ပဲလေ။ အစ်မအနားမှာ တစ်နေရာရာကပါ၀င်ချင်တာ။ ချစ်သူမဟုတ်ရင်တောင် အစ်မအမြဲပြေး၀င်လို့ရမဲ့လုံခြုံတဲ့နေရာတစ်ခု။ အားကိုးရမဲ့နေရာတစ်ခုပေါ့"

ɴᴇᴠᴇʀ ᴇɴᴅɪɴɢWhere stories live. Discover now