"ပတ်ချယ်ယောင်း"
"ဟုတ်"
"ပြန်လာတာစောသားပဲ ရေချိုးလေ။ ပြီးရင်ညစာစားကြမယ်"
ဟူး သိများသိသွားတာလားလို့လန့်နေတာကို
"ဟုတ် ခဏပဲစောင့်"
ခုလေးတင်တွေ့ပြီးပြန်လာတာကို စာတွေကတောက်လျှောက်ပို့ထားတဲ့ မ ပါလေ။အခုလိုအချိန်တိုင်းအတူကုန်ဆုံးရတယ်ဆိုတဲ့အသိစိတ်လေးကဘယ်လောက်နွေးထွေးတယ်ဆိုတာသက်သေပဲထင်တယ်
ဘ၀မှာပထမဆုံးရေချိုးမဲ့အချိန်ထိဖုန်းယူသွားပြီးစာရိုက်ရတာဒီတစ်ခါပဲထင်တယ်။ရေစိုနေတဲ့လက်တွေနဲ့သတိထားပြီးပို့နေရတယ်
*ယောင်းရေချိုးလိုက်အုန်းမယ် ခဏစောင့်*
*ဟုတ် ယောင်း*
စိုနေတဲ့ခေါင်းတွေကို dryerမှုတ်နေရင်းတောင် စာကိုအဆက်မပြတ်ရိုက်နေမိတုန်းပဲ။ မ ကအတ္တတော့ကြီးတယ် သူမအားတဲ့အချိန်ကြထိုင်စောင့်ရပြီး ယောင်းကကြရှိသမျှအချိန်အကုန်ပေးရတာ။
............................
"သတိရတယ်ယောင်း"
ရက်ပိုင်းလေးမတွေ့ဖြစ်ပေမဲ့ အချိန်တိုင်းစာရိုက်နေတာတောင်မှအလွမ်းသည်းနေမိတာ လွန်တယ်ဆိုတာကိုယ့်ကိုကိုယ်လွန်နေမှန်းသိပါတယ်။ အငယ်ဖြစ်နေတာတောင်အလျော့ပေးလွန်းတဲ့ယောင်းကြောင့်တစ်ခါတလေဆိုးနွဲ့ေနေမိတယ်။
*ယောင်းအခုဘာလုပ်နေလဲဟင် မြင်ချင်တယ်။ take
a pic babyyy*ညသန်းခေါင်ကြီးကိုမြင်ချင်တယ်ဆိုတော့လည်း
အိမ်ထဲမှာမီးတွေအကုန်မှိတ်ထားပေမဲ့ တစ်ခုတည်းသောမီးဖွင့်ထားတဲ့လျှောက်လမ်းမှာ လူကြီးတွေမသိအောင်ဓါတ်ပုံခိုးရိုက်ကာပို့ပေးရသေးတယ်။*ဟီး ချစ်စရာလေး*
*ကျေနပ်ပြီမလား*
*ဟုတ်ကဲ့*
.......................
"မျက်နှာကလည်းဆူပုတ်နေရောပဲ ဘာဖြစ်နေတာလဲ"
"ဘာဖြစ်ရမှာလဲ ယောင်းကြောင့်"
"ယောင်းကဘာလုပ်လို့လဲ"
YOU ARE READING
ɴᴇᴠᴇʀ ᴇɴᴅɪɴɢ
Romanceအနီးဆုံးမှာနေချင်တယ် အနီးဆုံးမှာမှ မနေရရင် အ၀ေးဆုံးကအကောင်းဆုံးပဲဖြစ်မယ်ထင်တယ်ဂျိန်း။