Part 1

338 19 2
                                    


ချောင်းငယ်လေးတစ်ခုမှ ရေများသည် လယ်ကွင်း များအတွင်းသို့ ဝင်သွားကြသည်။ ကျေးငှက်သံလေး များသည်လည်း သာယာငြိမ့်ငြောင်းစွာဖြင့်ကြားနေရသည်။ ရိုးသားလှသည့် ရွာသူရွာသားများ နှင့် အတူ ရွာငယ်လေး တစ်ရွာ၌ အလွန် ရိုးသားဖြူစင်သည့် အသက် ၁၇အရွယ် ကောင်လေးတစ်ဦး နေ ထိုင် သည်။ သူနာမည်က Park Jimin ဖြစ် သည်။ Park Jimin သည် ကျန်းမာရေးမကောင်း သည့် အမေဖြစ်သူအား ငယ်စဉ်က တည်းက ပြုစုစောင့်ရှောက်နေရသည့် အတွက် ကျောင်းမတက်နိုင်ပါ။ စာအား ရေးတက် ဖတ်တတ် တောင် မရချေ။ သူတို့နေသည့် အိမ်လေးသည် ငှားထားရသည့် အတွက် အိမ်ငှားခများလည်း မပေးနိုင်ပါ။ သို့သော်လည်း အိမ်ရှင်၏ ကျေးဇူးကြောင့် အခု ချိန်ထိ နေလို့ရသေးသည်။

"ငါ့သားလေးခမျာ ဒီအမေအိုကြီးကို ပြုစုနေရလို့ ကျောင်းတောင် မတက်နိုင်ရှာဘူး"

"အမေရယ် ကျောင်းမတက်ရလို့ ဘာမှမဖြစ်ပါဘူး။ သားဘဝမှာ အမေ ရှိနေဖို့ဘဲလိုတာပါ"

Park Jimin ၏ အမေသည် မျက်ဝန်းမှ မျက် ရည်များစွာကျဆင်းနေသည်။ သူ၏ ကျန်း မာရေးအခြေ အနေသည် တစ်ရက်ထပ် တစ်ရက် ပိုပိုဆိုးလာသည်ကို သူသိနေသည်။ ထို့ ကြောင့် သားလေးအား ခွဲခွာရတော့မည်ဖြစ်တာကြောင့် သားလေးအား စိတ်မချဖြစ်နေ သည်။

"သား အမေမရှိတော့ရင် သားဘဝကို ဘယ်လိုရပ်တည်မလဲ"

"အမေမရှိတော့ရင်ဆိုတဲ့ စကားကို မသုံးပါနဲ့အမေရယ်"

"အမေမေးတာသာဖြေပါ"

Park Jimin ခေါင်းအောက်ဆိုက်ထား၍ မဖြေချင်ဘဲဖြေလိုက်ရသည်။

"အကယ်၍ အဲ့လိုဖြစ်ခဲ့ရင် သားမြို့တက်ပြီး စာသင်မယ်။ အလုပ်လုပ်မယ်။ သားဘဝကို သားရပ်တည်နိုင်အောင် ကြိုးစားမယ်"

"သားရယ်"

အမေ ကျွန်တော့်ကို ဒီလိုမျိုးတွေမေးနေတော့ အမေ့ကိုပိုပိုပြီး စိတ်ပူလာတယ်။ အမေ က ကျွန်တော့်ကို ထားသွားတော့မှာလား။

နောက်တစ်နေ့ မိုးများသည်းထန်စွာ ရွာသွန်းနေသည့်အချိန်၌ အမေသည် အလွန်နေမကောင်း ဖြစ် လာသည်။ ထိုအခါ Park Jimin သည် မိုးရွာနေသည်ကို မသိတော့ဘဲ ဆရာဝန်အား အပြေးသွားခေါ် တော့သည်။

မုသားWhere stories live. Discover now