part 9

94 9 0
                                    

"ပြောလေ"
Jimin ရုတ်တရပ် Jungkook အား ဖတ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"အကို ပင်ပန်းနေလားဟင်"
"ဘာကိုလဲ"
"အကို ကျွန်တော့်ကိုချစ်တယ်မလား"
Jungkook ဘာမှပြန်မဖြေဘဲ ရပ်နေသည်။
"ကျွန်တော်အကုန်သိပြီးပြီ။ အဲ့တာကြောင့်အမှန်အတိုင်း ဝန်ခံပါတော့အကို"
Jimin မှ စာအုပ်အား Jungkook ကိုပြလိုက်သည်။ Jungkook ဘာဆက်လုပ်ရမယ်မှန်းမသိ ဖြစ်နေသည်။
"အင်း အဲ့တော့မင်းကဘာကြားချင်တာလဲ။ သိနေပြီမလား"
"အကို့ပါးစပ်ကနေ ချစ်တယ်ဆိုတဲ့ စကားကို ကြားချင်တာ"
"မဖြစ်နိုင်တော့ဘူး Min ရယ်။ ကိုယ်လက်ထပ်ရတော့မယ်"
"ဘာဖြစ်လဲ လက်ထပ်ရတော့ရာ အကိုချစ်တာ Min ဘဲမလား"
"Min တစ်ခါတစ်လေကြရင်လေ လူတွေက အချစ်ထက် အရေးကြီးတာတွေ ရှိသေးတယ်"
"အဲ့တော့ အကိုက ကျွန်တော့်ကို အဆုံးရှုံးခံမလို့လား"
"ကိုယ်ဘာလုပ်ရမှာလဲ ကိုယ်မင်းကို အဆုံးရှုံး မခံချင်ဘူး။ အဖေ့ကိုလဲ စိတ်မဆင်းရဲစေချင်ဘူး"
"အရမ်းလေးနက်သွားပြီးကို အကိုရွေးချယ်ပါ။ အကိုကိုအရမ်းချစ်ပြီး လောကကြီးမှာ လပိုင်းလောက်သာ နေရတော့မဲ့ ခွန်းကို ရွေးချယ်မှာလား။ အကို့ အဖေပေးစားတဲ့သူကို ယူမှာလား"
Jimin စကားကိုအပြတ်ပြောပြီး Taehyung အား အိမ်ပြန်လိုက်ပို့ခိုင်းလိုက်သည်။
"Min ကျန်းမာရေးဂရုစိုက်နော်"
Jimin အား သေချာပြန်ပို့ပေးလိုက်ပြီး အိမ်သို့ပြန်လာခဲ့သည်။
မင်္ဂလာပွဲနေ့ရောက်ရန် ၁ ရက်အလို
ပန်းချီပြခန်းအတွင်း စိတ်ပျက်လက်ပျက်ထိုင်နေသော Jungkook ဆီ Taehyung ရောက်လာသည်။
"Jungkook မင်း တကယ်ဆုံးဖြတ်ပြီးပြီလား"
"ငါလဲမသိတော့ဘူး"
"Jimin က ငါ့ကိုပြောခိုင်းလိုက်တယ်။ မနက်ဖြန် သူ မင်းနဲ့စတွေ့ခဲ့တဲ့ နေရာမှာ ရှိမယ်တဲ့"
Jungkook အား ပြောပြီး ထွက်သွားသည်။ Jungkook လည်း ဘာလုပ်လို့လုပ်ရမှန်း မသိဖြစ်နေတော့သည်။
မင်္ဂလာဆောင်မည့်နေ့
မနက်ပိုင်းကတည်းက အကုန်လုံး ခန်းအတွင်းရောက်နေကြသည်။ Jungkook လည်း သတိုးသားနား နေခန်း အတွင်း၌ ရှိနေသည်။ ထိုအချိန် ဂေါင်ဝန်အဖြူရောင်ဝတ်ဆင်ထားသည့် သတိုးသမီး ရောက်လာခဲ့သည်။ သတိုးသမီးလေးသည် အလွန်လှပနေသည်။
"Jeon မပျော်ဘူးလားဟင်"
"မပျော်ဘူး။ ငါမင်းနဲ့မှ လက်မထပ်ချင်တာ"
"ဒါမဲ့ Jeon ရယ် မိဘတွေမျက်နှာပျက်မယ်လေ"
"မသိဘူး မင်းမျက်နှာမမြင်ချင်ဘူး။ ထွက်သွား"
Jungkook လေသံမာမာဖြင့် သတိုးသမီးအား မောင်းထုတ်လိုက်သည်။ ထို့နောက် မင်္ဂလာပွဲစတော့ မည့်အချိန် ၌ Taehyung Jungkook အနားသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။
"အပြင်မှာ ကားအဆင်သင့်ဖြစ်ပြီ။ Hoseok စောင့်နေတယ်။ မင်းရအောင်ထွက်ခဲ့တော့ ငါ အဖေ့ကို တားထားမယ်"
ထို့နောက် မင်္ဂလာပွဲမစခင် Jungkook ခန်းမအတွင်းမှ ခိုးထွက်ပြီး Hoseok စောင့်နေသည့် ကားပေါ်သို့ အမြန် တက်ပြီး Jimin ရှိရာသို့ သွားတော့သည်။ ထိုအခြေအနေသည် သူ့ဘဝမှာ ပထမဆုံး အဖေ ဖြစ်သူအား ပုံကန်ဖူးခြင်းဖြစ်သည်။ သတိုးသားပျောက်နေသည့်အတွက် အကုန်လုံး ပြာယာခတ်နေချိန်၌ Taehyung ရောက်လာသည်။
"Taehyung မင်းအကိုကို တွေ့သေးလား"
"အဖေ သားပြောမလို့"
"ဘာလဲ မြန်မြန်ပြောကွာ"
အဖေဖြစ်သူမှ စိတ်မရှည်သည့် လေသံဖြင့် Taehyung အားပြောလိုက်သည်။
"ကျွန်တော် Jungkook ကို ထွက်သွားခိုင်းလိုက်တာပါ"
"ဘာ"
အားလုံး Taehyung အားဝိုင်းကြည့်နေကြချိန်၌
"ကျွန်တော် တောင်းပန်ပါတယ်။ သူ့မှာ သူအရမ်းချစ်ရတဲ့ ချစ်သူရှိတယ်။ သူ ဒီမိန်းကလေးကို သူမယူချင်ဘူး။ အဲ့တာကြောင့် ကျွန်တော် ကူညီပေးလိုက်တာ"
အဖေဖြစ်သူမှ ဘာမှပြောမနေတော့ဘဲ ဆွဲသာထိုးလိုက်တော့သည်။ ထိုအခါ Taehyung ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
"မင်းလိုသားမျိုး ငါမမွေးခဲ့သင့်ဘူး Taehyung မင်းဒီနေ့ကစပြီး ငါ့ကိုအဖေလို့မခေါ်နဲ့ မင်းကို ငါသားအဖြစ်ကနေ စွန့်လွတ်လိုက်ပြီ။ ထွက်သွားလိုက်တော့။ ဟိုကောင် Hoseok ရော မင်းနဲ့ အတူတူဘဲမလား။ သူ့ပါပြောလိုက် ငါ့ကိုအဖေလို့မခေါ်နဲ့လို့"
အဖေဖြစ်သူမှ ရှက်ပြီး ခန်းမအတွင်းမှ ထွက်သွားတော့သည်။ Jungkook တို့လည်း ရွာကို ရောက်ခါနီးနေပြီ။ Taehyung ဆီမှ ဖုန်းဝင်လာသည်။
"မင်းအဆင်ပြေလား"
"ပြေပါတယ်။ အေးဆေးဘဲ"
"တော်သေးတာပေါ့"
"ရောက်တော့မှာလား။ ငါလိုက်လာခဲ့မယ်"
"အေး"
Taehyung အဖြစ်မှန်ကိုမပြောဘဲ လိမ်ပြောလိုက်သည်။ ထို့နောက် သူတို့ ရွာကို ရောက်လာကြသည်။ ရွာ က သူတို့ စစတွေ့ခဲ့ကြသည့် လယ်ကွင်းလေးဘေးမှာ Jimin စောင့်နေသည်။
"အချစ်"
Jungkook အသံကြားသည့်အတွက် Jimin လှည့်ကြည့်လိုက်သည်။ မင်္ဂလာဝတ်စုံနှင့် Jungkook အားတွေ့လိုက်ရသည်။
"သတိုးသားက ဘာလို့ရောက်လာတာလဲ"
"မင်းစောင့်နေမယ်ဆိုလို့လေ"
"အဖေ စိတ်ဆိုးနေတော့မှာဘဲ"
"ကိုယ်အားလုံးကို ပုန်ကန်ပြီး မင်းဆီကိုလာခဲ့တာ။ မင်းနဲ့အတူ ဒီမှာနေပြီး မင်းကို ပျော်အောင်ထားမယ်"
Jimin မှဘာမှပြန်မပြောဘဲ ပြုံး၍သာ ကြည့်နေသည်။ လှပလွန်းသည့် မျက်ဝန်းမှလည်း မျက်ရည်များ ဝဲနေသည်။
"ဘာဖြစ်နေတာလဲ"
ထိုအချိန် Jimin လဲကျသွားသည်။ Junngkook မှအလျှင်အမြန် ပြေးထိန်းလိုက်သော်လည်း ခြေထောက်များ မခိုင်တော့တာကြောင့် Jimin မြေပြင်ပေါ်သို့ လဲကျသွားသည်။
"အကို ငါ အရမ်းမောနေတယ်"
"ဘာမှမဖြစ်ဘူးနော်။ သက်သာသွားလိမ့်မယ်"
Jungkook ငိုချင်သလိုလို ဝမ်းနည်းလာသလိုလို လောကကြီးကို အရှုံးပေးချင်လာသလိုလို ဖြစ်လာသည်။
"အကို ငါအကို့ကိုချစ်တယ်။ ငါလေ အကို့ကို ဒီရင်ဘက်ကြီးထဲကနေ နက်နက်ရှိုင်းရှိုင်းနဲ့ကို အကို့ကို ချစ်တာ အကိုရဲ့"
"ကိုယ်သိပါတယ်"
ထိုအချိန်၌ Taehyung ရောက်လာကာ တွန့်ဆုတ်နေသည့် ခြေလှမ်းများနှင့် အံ့ဩနေသည့် မျက်နှာဖြင့် Jimin မျက်နှာလေးအား ကြည့်ရန် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်သည်။
"Taehyung ရောက်လာပြီဘဲ"
"ဘယ်လိုဖြစ်တာလဲ ဆေးရုံသွားမယ်လေ"
တုန်လှုတ်နေသည့် လေသံဖြင့် Taehyung ပြောနေသည်။ ထိုအခါ Jimin လက်ဖြင့် တားလိုက်သည်။
"တော်ပြီ မလုပ်နဲ့တော့ ငါသိတယ်။ ငါ့အခြေအနေကို"
"ဘာကိုသိတာလဲ"
အသံကျယ်ကျယ်ဖြင့် Taehyung ပြောလိုက်သည်။ ထိုအခါ ဘာမှကို သတိမထားနိုင်တော့ဘဲ Jimin ကို အဆုံးအရှုံးခံရမှာ ကြောက်သည့် စိတ်တစ်ခုသာ Jungkook မှာရှိတော့သည်။
"အကို ကျွန်တော်က လောကကြီးထဲကနေ ထွက်ခွာသွားရတော့မှာ အဲ့တော့ အကို ကျန်းမာရေး ဂရုစိုက်ပြီး ပျော်ပျော်နေနော်။ ကျွန်တော် အကယ်၍ လူအဖြစ် ပြန်လည် မွေးဖွားခဲ့ရင် ကျွန်တော် အကို့ ဆီပြန်လာခဲ့မယ်"
လေအေးလေးတစ်ချက် ဖြတ်ခနဲ တိုက်လိုက်သည်နှင့် တစ်ပြိုင်နက် Jimin မျက်လုံးနှစ်စုံဟာ မှိတ်သွားခဲ့သည်။ ပွေ့ဖတ်ထားသည့် Jungkook လက်တွေ တစ်စက်စက် တုန်လာပြီး မျက်ရည်များလဲ ထိန်းမထားနိုင်တော့ဘဲ အားရစွာ သူမဟုတ်တော့သည့်အတိုင်း ငိုတော့သည်။ Taehyung လဲ ယူကြုံး မရဖြစ်၍ Jimin အတွက် သူ၏ မျက်ရည်များ မြေပေါ်သို့ကျစေခဲ့သည်။ ထိုနေ့လေးသည် လေအေးများလည်း တိုက်ခတ်နေ၍ မျက်ရည်များနှင့်အတူ သူတို့ ၃ ယောက်၏ မေမ့ရနိုင်တဲ့ နေ့လေး တစ်နေ့ ဖြစ်ခဲ့ရသည်။
၅ နှစ်ကြာပြီးချိန်၌
ရှည်လျားသည့် ဆံပင်အမဲရောင်နှင့် အတူ လက်၌လည်း တက်တူးများနှင့်။ နှင်းဆီပန်း ၅ ပွင့်လောက် ပါသည့် ပန်းစည်းအား လက်၌ တင်းကြပ်စွာ ဆုတ်ကိုင်ထားကာ မျက်ဝန်းအိမ်မှလဲ မျက်ရည်များ တစ်စက်ပြီးတစ်စက်ကျ ဆင်းနေသည့်အချိန် အတွေးများစွာနှင့် အုတ်ဂူ အဖြူရောင်လေးပေါ်မှ Jimin ၏ ပုံလေးရှေ့တွင် မတ်တပ်ရပ်နေသည့် Jungkook
"မင်းအခု ဘယ်မှာလဲ။ အဆင်ပြေရဲ့လား။ ငါမင်းကို လွမ်းနေတာ နေ့တိုင်းဘဲ ငါမင်းကြောင့်နဲ့ မင်းပြောသလိုနေတယ်။ မင်းပြောသလို အလုပ်ကြိုးစားတယ်။ အခု မင်းဖြစ်စေချင်တဲ့ လုပ်ငန်းရှင် တစ်ယောက် ငါဖြစ်နေပြီလေကွာ။ မင်းပြောတော့ ငါ့အဲ့လိုဖြစ်ရင် ငါ့နားမှာ နေပြီး ပြုစုပေး မယ်ဆို။ အခု မင်းက ဘယ်မှာလဲ။ မင်းကတိမတည်ဘူးနော်။"
ပန်းစည်းလေးအား အုတ်ဂူပေါ်သို့ တင်ပြီး သူလည်း အုတ်ဂူလေးဘေး၌ ထိုင်ကာ လက်နှစ်ဖက်ပေါ်သို့ မျက်နှာတင်ကာ ငိုနေသည်။ ထိုအချိန် ခြေလှမ်းသေးသေးလေးများသည် ဖြည်းဖြည်းခြင်း Jungkook ရှိရာ အုတ်ဂူလေးဆီသို့လှမ်းလာနေသည်။ ထို့နောက် လက်သေးသေးလေးများသည် Jungkook ပုခုံးပေါ်သို့ တင်လိုက်သည်။ ထိုအခါ Jungkook လည်း မော့ကြည့်လိုက်ချိန်၌ ညိုဖျော့ဖေျာ့ ဆံနွယ်လေး များသည် မျက်ဝန်းနှစ်ဖက်အား ဖုံးအုပ်နေသည်။ ထို ဖုံး အုပ်နေသည့် ဆံနွယ်များကြားမှ ဝိုင်းစက်နေသည့် လမင်းကြီးသဖွယ် မျက်ဝန်းလေးများသည် Jungkook အား စိုက်ကြည့်နေသည်။ ထို မျက်ဝန်းများအား Jungkook ရင်းနှီးနေသည်။ တီရှပ် အဖြူရောင်အား ဝတ်ဆင်ထားပြီး ဂျင်းဘောင်းဘီ ရှည်အား ရှည်လွန်းသောကြောင့် ခေါက်တင် ထားသည်။ အညိုရောင် ရှူးဖိနပ်လေးအား စီးထားသည်။
"ဦး ဘာလို့ငိုနေတာလဲ"
ခပ်တိုးတိုးအသံလေးဖြင့် Jungkook အားစိုက်ကြည့်ပြီး ပြောနေသည့် ထိုကလေးငယ်အား Jungkook အလွန်ပင် ရင်းနှီးနေသည်။ ထိုကလေး၏ ပုခုံးအား ကိုင်လိုက်ကာ Jungkook ဒူးနှစ်ဖက်အား မြေပြင်ပေါ်သို့ ထောက်ထားပြီး ထိုကလေးအား သေချာစိုက်ကြည့်နေသည်။
"ဦး မငိုနဲ့လေ ဦးရဲ့"
ထိုအချိန် လေအားများလည်း ထိုနေ့က တိုက်ခတ်သည့်အတိုင်း တိုက်ခတ်နေသည်။
"ကလေး မင်းက ဘာလို့ ဒီကိုလာတာလဲ"
"သားက ဒီအုတ်ဂူလေးမှာ အမြဲတမ်း သားအသက် တစ်နှစ်ပြည့်တိုင်း သားလာလာဖြစ်တယ်။ ဘာလို့လဲ သားမသိဘူး။ သားကို တစ်ခုခုက ဆွဲဆောင်နေသလိုဘဲ။ သားဒီနေရာလေးကို ချစ်တယ်"
ထိုအခါ အနောက်မှ ကလေးမိဘ နှစ်ပါးသည် အပြေးလိုက်လာနေသည်။
"သားရေ ပြန်ရအောင်"
"ဟုတ်မေ‌မေ သား ဒီဦးဦးကို မငိုဖို့ပြောတာ"
"အော် ဒီလိုပါရှင် သားလေးကလေ လူဝင်စားလေးထင်ပါရဲ့ အမြဲတမ်း ဒီနေရာလေးကို လာရတာ သဘောကျတယ်။ ပြီးတော့လေ နာမည် တစ်ခုကိုလဲ အမြဲတမ်းပြောတယ်"
"ဘာလဲအန်တီ"
Jungkook သိချင်သွားသည့် ပုံစံဖြင့် မတ်တပ်ရပ်လိုက်ပြီး ထိုအန်တီအား စိုက်ကြည့်နေသည်။
"Jungkook ဆိုလား အကို ဆိုလားဘဲ။ အမြဲ အဲ့တိုင်းပြောတယ်"
Jungkook ထိုအခါ ထိပ်လန့်သွားပြီး ဝမ်းသာသွားခဲ့သည်။ ရင်ဘက်ထဲမှာလဲ တစ်လပ်လပ်နဲ့ မယုံနိုင်ဖြစ်နေသည်။ ထိုကလေး လှည့်ပြန်သွားသည့်အခါ Jungkook ထိုကလေးလေးအား ပြုံးပြုံးကြီး ကြည့်၍ ကျန်ခဲ့သည်။ ထိုကလေးမှလဲ နောက်ကို လှည့်တစ်ကြည့်ကြည့်နှင့် ထွက်သွားသည်။ Jungkook သက်ပြင်းချလိုက်နိုင်ပြီး ထီဆုကြီးထပေါက်သလိုမျိုးကို ပျော်ရွှင်နေတော့သည်။
"ဟူး ကောင်စုတ်လေး မင်းကတော့လေ ငါ့ကို ကတိတည်သားဘဲနော်။ ပြန်လာမယ်ဆိုတာ တကယ်ပြန်လာ သားဘဲ။ ဒီဘဝတော့ လက်လွတ်မခံတော့ဘူး Park Jimin"

ပြီးပါပြီ

မုသားWhere stories live. Discover now