Part 6

128 13 0
                                    

ကျွန်တော်ကို တီတီတာတာတွေပြောနေသည့် Taehyung အား ခနစောင့်ခိုင်းပြီး ကျွန်တော် ရေချိုးအဝတ်စားလဲလိုက်သည်။ ထို့နောက် သူ့နောက်ကို ကျွန်တော်လိုက်သွားသည်။ အမိုးဖွင့်ပြိုင်ကား အနီကြီးပေါ်မှာ ထိုင်လိုက်ရသည့် ခံစားချက်သည် အလွန်ကောင်းမွန်သည်။ သူနှင့်အတူ ကျွန်တော်တို့ နေရာတစ်ခုဆီသို့ သွားနေကြသည်။ ထို့နောက် ကားအား သစ်ပင်များစွာ ဖုံးအုပ်ထားသည့် နေရာတစ်ခု၌ ရပ်လိုက်သည်။

"ဘယ်နေရာကြီးလဲ"

"အထဲလိုက်ခဲ့လေ"

Taehyung ကျွန်တော့်အား ထို တောထဲသို့ ခေါ်သွားသည်။ တောထဲ ရောက်ရောက်ခြင်းဘဲ ငှက်ကလေးများရဲ့ သာယာသံလေးများ၊ ရေတံခွန်မှ ရေစီးကျသံများနှင့် လေတိုက်သံများအား ကြားနေရသည်။ ရှေ့သို့ ဆက်‌ေလျှာက်လိုက်ချိန်မှာဘဲ ရေတံခွန်လေးဘေးနားမှာ စားပွဲခုံလေးတစ်ခုံရယ် ထိုင်ခုံ နှစ်လုံးရယ် ကိတ်မုန့်လေး တစ်ခုရယ် ဝိုင်ခွက် နှစ်ခွက်ရယ် နဲ့ ကျွန်တော့်မွေးနေ့လေးကို စပရိုက် တိုက်တယ်ဗျာ။

"ဟက်ပီဘက်ဒေး Min"

"ငါ့မွေးနေ့ကို ဘယ်လိုသိတာလဲ"

"မင်းအခန်းထဲက ပြကဒိန်မှာ မင်း မှတ်ထားတာတွေ့လို့"

"မင်းကတော့လေ"

Taehyung ကြောင့် ကျွန်တော့်ရဲ့ မွေးနေ့လေးကို နှစ်တွေကြာမှ ပထမဆုံးအကြိမ် လုပ်လိုက်ရသည်။ ကျွန်တော် အရမ်းပျော်တာဘဲ။ Taehyung ကိုလဲ ကျေးဇူးတင်တယ်။ ကျွန်တော်တို့နှစ်ယောက် ကိတ်ခွဲကြပြီး တစ်ယောက်ကိုတစ်ယောက် ခွံ့ကျွေးကြတယ်။ ပြီးတော့ ဝိုင်အတူတူ သောက်ကြရင်း စကားတွေပြောကြတာပေါ့။

"Min မင်းသိလား ငါအခု အရမ်းပြောင်းလဲလာပြီ"

"ဘာကိုလဲ"

"မင်းမကြိုက်ဘူးဆိုလို့ ငါအရက်မသောက်တော့ဘူး။ ဝိုင်ဘဲသောက်တယ် ဒါတောင် မင်းနဲ့မို့သောက်တာ ပြီးတော့ အပျော်လဲ အရမ်းမမတ်တော့ဘူး။ လိမ်မာနေပြီ"

"ကောင်းတာပေါ့"

"အဲ့တာမင်းကြောင့်နော် ငါ့ကို ဘယ်သူပြောပြော နားထောင်တာ မဟုတ်ဘူး။ မင်းကြောင့်သာ ငါပြောင်းလဲလိုက်တာ"

မုသားDonde viven las historias. Descúbrelo ahora