Part 8

148 13 0
                                    

"ဟုတ်"

Jungkook ရိုရိုသေသေထိုင်လိုက်သည်။

"မင်းကို ငါ လက်ထပ်ပေးတော့မယ်။ မင်း မနက်ဖြန် ကောင်မလေးတွေနဲ့ သွားတွေ့ဖို့ ပြင်ကြ။ ကြည့်ခိုင်းတာ မြင်ဖူးအောင် သူတို့ကို ယူကိုယူရမယ်"

အဖေဖြစ်သူမှ အမိန့်ပေးသည့်အတွက်ကြောင့် ငြင်းဆန်နိုင်ခြင်းမရှိကြပေ။ Jungkook အလုပ်များအား ထားလိုက်ပြီး
Jimin ဆီ ရောက်လာသည်။

"အကို ဘာကိစ္စလဲ"

"ပြောစရာရှိလို့"

"ဟုတ်"

Jimin မျက်နှာအား သေချာကြည့်၍

"မနေ့က တွဲမယ်ဆိုတာ အတည်မဟုတ်ဘူး"

Jimin ဘာမှပြန်မပြောဘဲ ပြုံးလို့သာနေနေသည်။

"အတည်လို့ မှတ်ယူထားရင်လဲ လမ်းခွဲမယ်"

"ပျော်လား မနေ့ညက ကျွန်တော်နဲ့ နေရတာ"

အစမရှိအဆုံးမရှိမေးလိုက်သည်။

"ဘာကိုလဲ"

"လမ်းခွဲချင်တာလား။ ခွဲမယ်လေ"

"မင်းကဘာလဲ ငါ့ကို အပျော်တွဲတာလား"

Jimin အားရစွာရယ်လိုက်သည်။

"အကိုရယ် အဲ့ဒီမေးခွန်းကလေ ကျွန်တော်ကမေးရမှာ။ အကို မချစ်မှန်းသိတယ်။ ဒါပေမဲ့လည်း အကို ပျော်အောင် အကို့စိတ်ဆန္ဒပြည့်အောင်လို့ ကျွန်တော် မနေ့ညက ဖြည့်ဆည်းပေးခဲ့တယ်နော်။ ဒီနေ့ကြ လမ်းခွဲမယ်ပြောတယ်။ အဲ့တော့ အကို့ပုံစံကလေ အပျော်မယ် တစ်ယောက်ကို စိတ်ဆန္ဒဖြည့်ဆည်းပေးဖို့ ငှားပီး ပြီးသွားရင် ပိုက်ဆံပေးပြီး ပြန်ခိုင်းတယ်။ ကျွန်တော်ကရော အဲ့လိုဘဲလာဟင်"
Jimin ၏ အပြုံးလေးဖြင့် နာအောင်ပြောနေသည့် စကားများကြောင့် Jungkook ငြိမ်နေသည်။

"ကိုယ်လက်ထပ်ရတော့မယ်"

"ဟုတ်လား။ လက်ထပ်လေ။ ကျွန်တော်လိုသေးလား။ လိုသေးရင်ပြောနော် ကျွန်တော်လိုက် အိပ်ပေးမယ်"

"ဘာဖြစ်နေတာလဲကွာ ငါ့ကိုနားလည်ပေးပါ မင်းအခုပြောနေတာတွေကလေ မင်းဖာလုံးလုံးဖြစ်နေပြီ"

"အကို ကျွန်တော်ကလေ အကို့ကို စစတွေ့ကတည်းက ချစ်ခဲ့တာပါ။ စိတ်ရင်းနဲ့ချစ်ခဲ့တာ။ ကျွန်တော် ချစ်တဲ့သူ စိတ်ချမ်းသာအောင် ပျော်ရွှင်အောင် လုပ်ပေးဖို့ဆိုရင် ကျွန်တော်ဖာဖြစ်ရလဲ ကိစ္စမရှိဘူးအကို။ ဒီလောက်ဆို ကျွန်တော်ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မြင်ပြီလား"

မုသားWhere stories live. Discover now