"အများကြီးဘဲ ဒါတွေကို မင်းဝယ်ထားတာလား"
"မဟုတ်ဘူး။ Jungkook ဟာ"
"ဟမ်။ သူကဘယ်သူလဲ"
Taehyung မျက်နှာရှုံ့မဲ့နေသည်။ မပြောချင်သည့်သဘောရှိသည်။
"မပြောချင်လဲနေပါ"
ထို့နောက် Jimin ပန်းချီကားတစ်ချက်အား စိတ်ဝင်စားကာ ရပ် ကြည့် နေတော့သည်။ ထိုပန်းချီကား၌ လည်း စားများရေးထားသည်။ ပန်းချီကားသည် တောရွာတစ်ရွာက ကောင်လေး တစ်ယောက် အမေအိုကြီးအား ထမင်းခွံ့ကျွေးနေပုံဖြစ်သည်။ ထိုပုံသည် Jimin နှင့် တော်တော် တူလွန်းတာကြောင့် Jimin စိတ်ဝင်စားနေခြင်းဖြစ်သည်။
"ဘာလဲ ကြိုက်လို့လား"
"ဟုတ်တယ်။ အဲ့ထဲက ကောင်လေးက ငါနဲ့တော်တော်တူသလိုဘဲ။"
"ဆင်တာနေမှာပါ။"
"ဒါနဲ့ ငါ့ကို စာလေးဖတ်ပြပါလား"
"ကိုယ့်ဘာသာဖတ်ပါလား"
Jimin မျက်နှာလေး အောက်ငုံ့လိုက်ပြီး ဝမ်းနည်းသွားသည်။
"ငါမှ စာမတတ်တာ"
Taehyung လုံးဝကို အံ့ဩတစ်ကြီး ဖြစ်သွားကာ မထင်ထားခဲ့သည့် စကားဖြစ်နေသည်။ သနားသွား သည်မှာ အမှန်ပင်။
"လာနောက်မနေနဲ့"
"တကယ်။ ငါ ငယ်ငယ်ထဲက ကျောင်းမတက်ခဲ့ရဘူး။ ငါ စာမတတ်ဘူး။ ဖတ်ပြပါ"
Taehyung သည် သနားသည့် အကြည့်များဖြင့် Jimin အား ကြည့်လိုက်သည်။ Jimin မှလည်း ဝမ်းနည်းသည့် အကြည့်များဖြင့် Taehyung အား မော့ကြည့်လိုက်သည်။ ထို့နောက် စာဖတ်ပြ လိုက်သည်။
"တောရွာရဲ့ အလှနဲ့ ထို ကောင်လေး၏ အလှသည် ရောထွေးနေတာကြောင့် ကျွန်တော် ထိုကောင်လေး၏ အလှကိုသာ မြင်နေမိတော့သည်။"
Taehyung ဖတ်ပြပြီး အဆုံး၌ အခန်းအတွင်းသို့ လူတစ်ယောက်ဝင်လာသည်။ အိမ်စီးဖိနပ် ကိုစီးထားပြီး ဘောင်းဘီရှည်နှင့် ခါးပတ်ကို စမတ်ကြကြ ဝတ်ဆင်ထားကာ အင်္ကျီရှည် အဖြူရောင်အား လက်ခေါက် တင်ထား၍ အပေါ် ကြယ်သီး နှစ်လုံးအား ဖြုတ်ထားသည်။ အလွန် ဆွဲဆောင်မှု့ ရှိပြီး အလွန် ချောမောလှပသည့် ထိုလူသည် Taehyung ၏ အကိုJungkook ဖြစ်သည်။
YOU ARE READING
မုသား
Romanceချစ်တယ် ထုတ်မပြောဘူး။ အသေခံမယ် မင်းကိုချစ်တယ်လို့မပြောဘူး start - 1.5.2023