part 2

239 23 7
                                    

"အကိုက ဘာအတွက် ပိုက်ဆံရှာနေတာလဲဟင်"

"ငါက တက္ကသိုလ် တက်ဖို့"

"ဒါဆို စာတတ်မှာပေါ့နော်"

"အေးပေါ့။ ဘာလို့လဲ"

Jimin အိတ်ကပ်ထဲမှ စာရွက်လေးအား ထုတ်လိုက်သည်။ ထို့နောက် ထိုစာရွက်အား Yoongi ကို ဖတ်ခိုင်း လိုက်သည်။

"ဖတ်ပြပါလား"

"အော်အေး"

Yoongi ဖတ်ပြရန် စာရွက်အား ဖွင့်လိုက်သည်။

"သား အမေ မရှိတော့ရင် သားဘာသာ သား အဆင်ပြေအောင်နေနော်။ သားလေးက ရိုးသားတော့ အနှိမ်ခံရမှာဆိုးတယ်။ သားအမေ့ကိုချစ်ရင် စာတတ်အောင်သင်ပြီး ကြိုးစားနော်။ အဲ့တာကြောင့် စာသင်ပြီး အမေ့အတွက် ကြိုးစားပေးပါ သားရယ်။ အမေ သားကို ချစ်တယ်။ ဒီအတောအတွင်း ငါ့သားလေး အရမ်းပင်ပန်း ခဲ့မှာဘဲနော်။ အမေတောင်းပန်ပါတယ်"

Yoongi ဖတ်ပြပေးပြီးချိန်၌ ငိုနေသည့် Jimin အား အလွန်သနားသွားသည်။ ထို့ကြောင့် သူ့ရင်ခွင်ထဲ၌ Jimin အား ဖတ်ထားလိုက်တော့သည်။

"မင်းဘဝက အရမ်းကြမ်းတမ်းတာဘဲ Jimin ရယ်"

ကျွန်တော်အခုလို ဝမ်းနည်းနေချိန်ဆို အရင်က အမေက နှစ်သိမ့်ပေးတယ် အခုတော့ အကို Yoongi က နှစ်သိမ့်ပေးနေရတယ်။
Jimin အရမ်းဝမ်းနည်းသွား၍ အားရစွာငိုနေတော့သည်။ ထိုအခြေအနေအား လှမ်းကြည့်နေသည့် အန်တီသည် Jimin အား သနား‌ယုံကလွဲ၍ ဘာမှမတတ်နိုင်တော့ချေ။ ထို့ကြောင့် သူတို့နှစ်ဦးအား မနက်ဖြန်ကို အလုပ်နားပေးလိုက်သည်။ မနက်မိုးလင်းချိန်၌ Jimin ပင်ပန်း၍ အိပ်မောကြနေသည် ကို Yoongi ပြုံးပြုံးကြီးကြည့်နေသည်။ နေ၏ အလင်းရောင်ကြောင့် ခွန်းမြတ်သူ၏ မျက်လုံးကိုဆူးသွား၍ Jimin နိုးလာခဲ့သည်။ ထိုအခါ မျက်လုံးဖွင့်ဖွင့်ချင်း Yoongi ၏ လှပသော မျက်နှာပေါ်မှ အပြုံးလေးအားတွေ့လိုက်ရသည်။ Yoongi သည် အရပ် ၅ ပေ ၈ ရှိ၍ ဝတ်တာစားတာ သပ်ရက်သည်။ မျက်နှာ၌ ပါးချိုင့်လေးများရှိ၍ ရီလိုက်ရင် အလွန် ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှု့ရှိသည်။

"ဘာလို့ကြည့်နေတာလဲ"

"မင်းအိပ်နေတာ လှလို့"

မုသားKde žijí příběhy. Začni objevovat