Part 7

124 10 0
                                    

ဒီစကားကြီးသည် Taehyung အတွက် အလွန်နာကျင်ရသော်လည်း Jimin ပျော်ဖို့ဆို ဘာမဆို လုပ်မဲ့သူဖြစ်နေသည့်အတွက် Taehyung သဘောတူလိုက်သည်။ ဆေးရုံမှ ဆင်းပြီးချိန်၌ Jimin အား အိမ်သို့ ပြန်ပို့ပေးပြီး Taehyung အိမ်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သည့်အချိန်၌ ဧည့်ခန်းအတွင်းမှ Jungkook Hoseok နှင့် သူတို့အဖေ အား တွေ့လိုက်ရသည်။ Taehyung လဲ Hoseok ဘေးဝင်ထိုင်လိုက်သည်။

"ကဲလူစုံပြီဆိုတော့ ပြောစရာရှိတယ်"

"မင်းတို့တွေ အလေလိုက်မနေတော့ဘဲ မနက်ဖြန်ကစပြီး မင်းတို့ကို ငါ့ကုမ္ပဏီ ၃ ခုမှာ ဒုဥက္ကဌ ရာထူးကို ပေးပြီး မင်းတို့ ကုမ္ပဏီတွေကို ဦးစီးရမယ်။"

"ဗျာ"

သူတို့ ၃ ယောက်လုံး သံပြိုင်အော်လိုက်သည်။ ချက်ချင်းကြီး ဒုဥက္ကဌ ရာထူးရသွားသည့် သူတို့ ၃ ဦးအတွက် အလွန် ခက်ခဲနေသည်။

"အဖေ မစောလွန်းဘူးလား။ သားက အခုမှ ငယ်သေးတယ်လေ။ ပြီးတော့ သားရဲ့ အနုပညာ အလုပ်တွေရော လုပ်ရအုံးမယ်"

"သားရောဘဲ မလုပ်နိုင်ဘူး"

"ကျွန်တော်လဲ မလုပ်နိုင်ဘူး အဖေ"

သူတို့ ၃ ဦးလုံး အတူတူ ငြင်းလိုက်ကြသည်။ ထိုအခါ အဖေ ဖြစ်သူမှ စိတ်တိုသွားပြီး သူတို့အား အော်လိုက်တော့သည်။

"မင်းတို့တွေ ငါပေးတဲ့ ရာထူးတွေမှာ လုပ်မလား။ အိမ်ပေါ်ကနေ ဆင်းပြီး အမွေပျက် စွန့်လွှတ်ခံမလား"

ဒီမေးခွန်းသည် သူတို့ ၃ ဦးအတွက် အလွန်လေးနက်လွန်းသွားသည်။ ထို့ကြောင့် သူတို့ ၃ ဦး သဘောတူလိုက်ရသည်။ သူတို့ ၃ ဦး အလုပ်လုပ်ရမည့်နေရာသည် တစ်နေရာထဲမှာ ဖြစ်ပြီး ဌာန ခွဲသွားခြင်းဖြစ်သည်။ သူတို့ ၃ ဦး မနက် ၈ နာရီကျော် အထိ အိပ်နေကြသည်။ ထိုစဉ်အခန်းအတွင်းသို့ သူတို့ လက်ထောက်များရောက်လာကြပြီး သူတို့ အား နှိုးကြရသည်။ သို့သော်လည်း အိပ်ရေးမတ်သည့် သူများဖြစ်သည့်အတွက် ဘယ်လောက်နှိုးနှိုး မထကြပါ။ ထိုအခါ လက်ထောက်များသည်

"ဆရာတို့ ၉ နာရီထိုး ရုံးမရောက်ရင် ဆရာကြီးက အပြစ်ပေးပါမယ်တဲ့"

မုသားWhere stories live. Discover now