Part 5

119 11 2
                                    

အကို Yoongi ကကျွန်တော့်အား သေချာစိုက်ကြည့်နေခဲ့သည်။ ကျွန်တော်လဲ ဘာမှန်းမသိဖြစ်နေတယ်။ သူ့စိတ်ကိုကျွန်တော်မသိဘူး။

"မင်း Taehyung နဲ့ ကဘာတွေလဲ"

"သူနဲ့က သူငယ်ချင်းပါ။"

"သူငယ်ချင်းက နမ်လို့လား"

"အကို အခု သဝန်တိုနေတာလား"

"ငါက ဘာလို့ သဝန်တိုရမှာလဲ။ ငါက မင်းကို ကိုယ့်ညီလေးတစ်ယောက်လို ချစ်တာမို့လို့ မင်းကို စိတ် ပူတာပါ။"

"ကျွန်တော်လဲ အကို့ကိုချစ်တယ်။ ကျွန်တော့်အကိုအရင်းတစ်ယောက်လိုမျိုး"

Yoongi ကြားချင်သည့် စကားနှင့် ကြားလိုက်ရသည့်စကားသည် မတူညီပါ သို့သော်လည်း Jimin နားမှာ ဆက်ရှိနေနိုင်ဖို့ဆိုတာ ဒီလိုဆက်ဆံရေးဘဲ ကောင်းသည်ဟု တွေးထားသည်။ နောက်နေ့မနက် ဆိုင် မှာ အလုပ်လုပ်နေစဉ် Hoseok ရောက်လာသည်။ မုန့်ထုပ်များလဲ ကိုင်ထားသည်။

"အကို့ ဆိုင်လာတာလား"

"မင်းဆီလာတာလေ။ ဒဏ်ရာ သက်သာလား"

"သက်သာတယ်။ အကို အအေးသောက်မလား"

Jimin အအေးတစ်ဗူးယူလာပေးပြီး Hoseok နားသွားထိုင်လိုက်သည်။

"မေးမလို့။ Taehyung နဲ့အကိုနဲ့က ညီအကိုတွေမလား"

"သူ့ကိုသိတယ်ပေါ့။"

"သူနဲ့ ကျွန်တော်နဲ့က သူငယ်ချင်းတွေပါ။ ဟိုတစ်လောကမှ ခင်သွားတာ။ မနေ့က အကို့နဲ့ ကျွန်တော့်အကြောင်း သိသိချင်း သူလိုက်လာပြီး အကို့မကောင်းကြောင်းတွေပြောသွားတာ"

Jimin ၏ ပွင့်လင်းမှု့ကြောင့် Hoseok သဘောကျသွားသည်။

"ဟုတ်တယ်။ အကိုတို့မှာ ညီအကို ၃ ယောက်ရှိတယ်။ ဒါမဲ့ အကိုတို့က မတည့်ကြဘူး"

ခနအကြာတွင် Jimin အား မုန့်ထုပ်များပေးပြီး ပြန်သွားသည်။

"Min ရေ ဒီကိုခန လာပါဦး"

ဆိုင်ရှင် အန်တီမှ Jimin အား လှမ်းခေါ်လိုက်သည်။

"ဟုတ်ကဲ့ ဘာများလဲ"

"ညနေတွက်လေ ချက်စရာတွေ ကုန်တော့မှာမလို့ မင်းဈေးသွားဝယ်ပေးလို့ရမလား"

မုသားWhere stories live. Discover now