"ကြေးအိုးတစ်ပွဲ ပါဆယ်ထုပ်မယ် ညီလေး...."
တစ်ယောက်ကို ၅ဗူးဆီနှင့် နောက်ဆုံးလက်ကျန်တစ်ဗူးကို ထွေလေငေးမော့နေစဥ်မှာပဲ သူရဦး၏စကားကြောင့် ကောင်းစက်သည် သကောင့်သားဆီကိုကြည့်မိလိုက်သည်။
ဒါကိုသိတော့ သူရဦးက....
"မင်းတို့အဆောင်က အဖွား မှာလိုက်တာလေ။" ဆိုပြီးပြောလာသည်။သူရဦး၏စကားကြောင့် လည်ချောင်းထဲကျခါနီးဖြစ်သော ဘီယာများပင်လျှင် ပြန်ထွက်ချရတော့မလိုဖြစ်သွားရသည်။
ဆိုင်ကယ်ပေါ်က ကောင်းစက်ရဲ့စကားသံတွေကို နားစွင့်ထားပုံရသော သူရဦးသည် တကယ်ပဲအဆောင်ပိုင်ရှင်အဖွားနဲ့ပြောနေသည်ဟု ထင်မှတ်နေသည်။ ကောင်မလေးအတွက်ဆိုပြီး ဝယ်သွားရမည့် ကြေးအိုးတစ်ပွဲက ပွဲကြီးဖြစ်ရမည်ဟုတောင်းဆိုချက်ပြုထားသည်။
ထို့ကြောင့် သူရဦးကိုဖြေရှင်းပြမနေတော့ပဲ...
"အေး...ပွဲကြီးတစ်ပွဲ ပါဆယ်။"လို့ ထပ်အော်လိုက်သည်။"ဟာ...ဟေ့ကောင်ရ။ ပွဲကြီးဆို မင်းတို့အဆောင်ကအဖွားကကုန်ပါ့မလားဟ။ ငါတောင်မကုန်ချင်ဘူး...ဒီကပွဲကြီးက တော်တော်လေးများတယ်။"
"ကုန်တယ်.....မှာလိုက်တာ အဲ့ဒီတိုင်း။"
"မင်းတို့အဆောင်ပိုင်ရှင်ကလည်း အသက်ကြီးပေမယ့် ကျန်းမာရေးတော့တော်တော်လေးကောင်းပုံပဲ။ ကြေးအိုးတောင်ပွဲကြီးမှဆိုတော့...."
"အင်း။"
ဒီကောင်သူရဦးပြောနေသည့် အဆောင်ပိုင်ရှင်အဖွားဆိုသည်ကို ကြာတော့နားထောင်ရတာ ခပ်အမ်းအမ်းဖြစ်ရသည်။ ကောင်မလေးအတွက်၊ညီမလေးတွေအတွက်ပြီး စိတ်ထဲလိပ်ခဲထားသမျှက ဒီကောင်ရဲ့အဖွား၊အဖွားဆိုသည့် စကားသံတွေမှာပြိုကျချင်နေသည်။
ထို့ကြောင့်ပဲ သူရဦးကို ကိုတင်မောင်လွင်လက်ထဲအပ်ခဲ့ပြီး ကောင်မလေးကိုပြောခဲ့သည့်၈နာရီ ဒေါင်ဆိုသည်နှင့်ပဲ ဆိုင်ကနေအပြေးထွက်ခဲ့ဖြစ်သည်။ သိပ်မဝေးလှသော်လည်း အနည်းငယ်လောက်တော့ဘီယာသောက်ထားသည်မို့ အချိန်ကိုအမြန်မမောင်းဖြစ်တော့ ၈နာရီကိုနည်းနည်းတော့စွန်းသွားသည်။
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။