ကောင်မလေးဆီကို ဘဲကင်ထုပ် ပေးခဲ့လိုက်ပြီးနောက်မှာ ကောင်းစက်အဆောင်ကိုပဲပြန်လာခဲ့လိုက်သည်။ ဒီနေ့အတွက်နှလုံးသားတာဝန်ကျေပွန်ပြီမို့ သားသမီးတာဝန်ကျေပွန်ဖို့အတွက် စာကြည့်ရမည်။
စာကြည့်ပြီးလျှင် ကျောင်းသားတာဝန်ကျေပွန်ဖို့အတွက်ကို သမဂ္ဂရုံး၏ဥက္ကဌလောင်း ရွေးချယ်ပွဲလျှောက်လွှာများကို စစ်ဆေးရဦးမည်ဖြစ်သည်။
ထိုသို့ တာဝန်များကို စိတ်ထဲတွင်တစ်ခုပြီးတစ်ခုအစီစဥ်ချနေရင်းမှ ကောင်မလေး၏မျက်မှန်လေးအောက်က မျက်လုံးမျက်ဖန်လှလှလေးတွေကို မြင်ယောင်မိသည်။
"ဖုန်းလာနေတယ်ဟေ့....။"
"အင်း...."
နောက်ကျောကိုလာရိုက်သည့် အဆောင်က ကာကလေးကြောင့်နဲ့ ကောင်မလေး၏မျက်လုံးတွေက ကောင်းစက်၏အတွေးတွေထဲကနေ ပျောက်ပျက်သွားရသည်။"Hello ဟုတ်ကဲ့....။"
"ကောင်းစက်....ငါပါဟ။"
အသံကြောင့် ဖုန်းမျက်နှာပြင်ကိုပြန်ကြည့်မိတော့ ဖုန်းစိမ်းတစ်ခုသာဖြစ်နေသည်မို့...
"ဟုတ်ကဲ့ဗျ။ ဘယ်သူလဲမသိဘူးဗျ။""ဗညားခန့်ကျော်ပါဟ.....။ မင်းဆိုတာကလည်း ငါ့အသံတောင်မမှတ်မိဘူး။"
"Sorry ကိုဗညားရာ။ ကျွန်တော် နည်းနည်းလောက်အတွေးများနေလို့ဗျ။"
ကိုဗညားရဲ့ညီမအကြောင်း ဆိုတာကိုတော့ ကောင်းစက်ထည့်မပြောဖြစ်ခဲ့။"ဘာတွေအလုပ်များနေလဲ ငါ့ကောင်။ ငါ့ဆီတောင်အရင်လိုဖုန်းမဆက်တော့ဘူး။ ဘာလဲ ကောင်မလေးကိုပိုးပမ်းနေလို့လားဟ။"
ကွက်တိဆိုသလိုဖြစ်နေသည့် ဒီအပြောကြောင့်ကောင်းစက်မှာမလုံမလဲတွေဖြစ်ရပြီး လျော့တိလျော့ရဲငြင်းဆန်ရသည်။
"မဟုတ်တာပဲဗျာ။ ရုံးကိစ္စတွေက အစပိုင်းဆိုများတတ်တာ ခင်ဗျားလည်းသိတာပဲ။""အေးကွာ...။ အခုနှစ်လည်း ရွေးကောက်ပွဲနီးပြီမဟုတ်လား။ အစောလုပ်ကြမှာမဟုတ်လား။"
"ဟုတ်တယ်...။ နောက်ပတ်ဆိုရင် ရွေးကောက်ပွဲနဲ့အလုပ်တွေရှုပ်တော့မှာ။ ကြားထဲလူရွေးပွဲတွေလည်း ရှိသေးတယ်လေ။"
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။