အပိုင်း (၈)

4.7K 190 1
                                    

"လာ...ဝင်သွားရအောင်။"

ကိုဗညား၏ ဖိတ်ခေါ်မှုနှင့်ပဲ ကောင်မလေး၏အခန်းထဲကို ကောင်းစက်ဝင်ခဲ့ဖြစ်သည်။

ကောဇောခင်းအထက်မှာရှိနေသည့် မွေ့ရာပေါ်တွင် စားပွဲခုံတစ်လုံးချပြီး စာအုပ်ကနေအကြည့်မခွာစတမ်းဖြစ်သည်က ငြိမ်သက်လို့နေတော့သည်။ ကောင်မလေးနဲ့တွေ့လိုက်တိုင်း အခုလိုငြိမ်သက်နေတာမျိုးကို မမြင်ခဲ့ဖူးသည်မို့ ငေးပြီးကြည့်မိသည်။

"သွားမယ်....မင်းနေရမယ့်အခန်းကို လိုက်ပြမယ်။"

ငေးလို့မဝသေးခင်မှာပဲ ကိုဗညားက ကောင်းစက်ကိုအခန်းပြင်သို့ဆွဲခေါ်တော့သည်။ မလိုက်ချင်ပေမယ့်လည်း ဆက်လို့ကြည့်နေဖို့မကောင်းသည်မို့ အင်တင်တင်မျက်နှာဘေးနှင့်ပဲ လိုက်လာခဲ့ရသည်။

ထိုသို့ကောင်းစက်တို့ထွက်သွားပြီးသည့်အခါမှာပဲ စုစုသည် စာအုပ်ကနေအကြည့်ခွာတော့တာဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော စိတ်လှုပ်ရှားမှုများအကြောင်းကို စိတ်ပညာစာအုပ်တစ်အုပ်အား ဖတ်ရှုနေခြင်းဖြင့်လည်း နားမလည်နိုင်အောင်ဖြစ်ရသည်။

ချက်ချင်းပဲ ကဆုန်ပေါက်ချင်လာသည့် ဒီနှလုံးသားအပေါ် လက်ဖိတင်ထားပြီး အိပ်ရာအထက်ကိုလှဲချမိသည်။ ဒါသည် အချစ်ဆိုသောအရာ၏ ပထမအဆင့်ဖြစ်သော စိတ်လှုပ်ရှားခံစားနေရခြင်းဖြစ်သည်။

ဒုတိယအဆင့်အနေနှင့် ရှက်မူပိုရခြင်းကိုလည်း စုစုတစ်ဆက်တည်းပဲ ခံစားလိုက်ရသည်။ အကိုခန့်ကျော်နှင့်အတူ အခန်းထဲဝင်လာသူကြောင့် စာဖတ်နေရင်းမှ လက်ဖျားတွေပါအေးစက်လာသည်အထိ ဖြစ်ခဲ့ရသည်။

ခုန်ပေါက်နေသော နှလုံးသားကိုလျစ်လျူရှူထားရင်း ခံစားနေရသောစိတ်ခံစားချက်များအကြောင်းကို တွေးတောဆင်ခြင်နေရင်းဖြင့် မျက်နှာကျက်အမိုးထက်မှာ အလိုလိုပဲထွက်ပေါ်လာသည့် အကိုကြီး၏မျက်နှာကြောင့်နဲ့ ချက်ချင်းပဲ အိပ်နေရာကနေထလိုက်ရသည်။ ခေါင်းကို ခါးယမ်းပစ်လိုက်ပြီးနောက်မှာ စုစုမောဟိုက်လာရသည်။

အထွေအထူးမဟုတ်သည့် အနမ်းလေးတစ်ခုကြောင့်နဲ့ စုစု၏စိတ်များသည် ဖောက်ပြားခဲ့ပြီ။

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now