"သောကြာနေ့ မင်းအိမ်ပြန်ဦးမှာလား အုပ်ကြီး။"
"အေး...ပြန်မှာ။"
မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲအတွက်ကို ခရိုင်ကွင်းမှတာဝန်ရှိသူနှင့်စကားပြောပြီး ဒီနှစ်မှာမှ အမြင့်ပိုသွားသောကွင်း၏အကာအရံများကို လှည့်ပတ်ကြည့်နေကြရင်းဖြင့် သူရဦးဆီမှအမေးစကားကို အမှုမဲ့အမှတ်မဲ့ပဲ ဖြေဖြစ်သွားသည်။
"ဒီနေ့ ကြာသပတေး။ မနက်ဆို ကွင်းထဲသန့်ရှင်းရေးဘာညာလုပ်ကြမို့ကွာ။ မင်းက ဘယ်အချိန်ပြန်မှာလဲ။"
"ငါ နေ့လယ်ဘက်လောက်ပြန်မယ်ကွာ။ ကျန်တာမင်းဆက်လုပ်ထား....။ ခါတိုင်းလည်း မင်းပဲလုပ်နေကြကို.....။"
သံဇကာ၏ ခိုင်ခံ့မှုကိုလက်ဖြင့်ကိုင်ကြည့်မိရင်း စကားပြောဖြစ်နေရင်းမှပဲ ညီမလေးကိုသတိရသွားရသည်။ ဒီတစ်ပတ်လုံး ညီမလေးနဲ့ချစ်သူတွေဖြစ်ကြပြီးမှ ကျောင်းကိစ္စများနှင့်အလုပ်ရှုပ်နေသည်ကြောင့် လူချင်းမတွေ့ရသေးသည့် အဖြစ်ကို သတိရသွားသည်။
"အေးလေ။ မင်းကလည်း မင်းအဖွားနေမကောင်းလို့ဆိုတော့ ငါကလုပ်ပေးရမှာ....။"
"ငါ သွားလိုက်ဦးမယ် သူရဦး။
ညီမလေးနဲ့ မတွေ့ဖြစ်တာကြာပြီကွာ....။"
သူရဦး၏ စကားကို ဆုံးအောင်နားထောင်မနေတော့ပဲ ကောင်းစက်သည် အမြန်ပဲ ကွင်းထဲကနေပြေးထွက်ခဲ့ဖြစ်သည်။ဖွားရဲ့ကျန်းမာရေးအခြေအနေကြောင့်နဲ့ စိတ်မချသည်ကြောင့် မနက်ဖြန်ဆိုလျှင် ကောင်းစက်ကအိမ်ကိုပြန်ဦးမည်ဖြစ်သည်။ ဒီလိုဆို ဒီရက်တွေမှာ ညီမလေးကိုမတွေ့နိုင်ပဲရှိဦးမည်မို့ ညနေအချိန်လေးရှိသခိုက် အားချင်းပဲ ညီမလေးဆီအရောက်သွားလိုက်သည်။
"ကျွန်တော် လာနေပြီ ညီမလေး....။"
"ဘယ်ကိုလဲ။ ညီမ မအား....."
"ညီမလေးတို့အဆောင်ရှေ့မှာ ရောက်နေပြီ။
ထွက်ခဲ့ပါဦး။"ဖုန်းပြောရင်းနှင့် အဆောင်အပေါ်ထပ်ရှိ ညီမလေးရှိရာအခန်းကို မော့ကြည့်နေမိသည်။ ပြတင်းတံခါးတွေပိတ်ထားသည်မို့ ညီမလေးကအဆောင်မှာရှိမနေသည်ကို တွက်ဆမိသော်လည်း ဘာပဲဖြစ်ဖြစ်တော့ ဒီညနေညီမလေးနဲ့ တွေ့ဦးမည်ဖြစ်သည်။
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။