အပိုင်း (၄၁)

3.7K 141 7
                                    

ခါတိုင်းနေ့တွေထက်ပိုလို့ ပြေးလွှားနေသည့် ခြေသံများကြောင့် စုစုအိပ်ပျော်နေရာကနေ မျက်လုံးဖွင့်ရတော့သည်။ စာမေးပွဲနောက်ဆုံးနေ့လည်း မဟုတ်သေးပါပဲနှင့် အခန်းပြင်မှာလူတွေ ပြေးလွှားနေတာ ဘာကြောင့်မှန်းမသိသော်လည်း နာရီဆီပြေးလွှားကြည့်ဖြစ်သွားတော့ အချိန်က မနက်၇နာရီကျော်ပြီဖြစ်သည်။

အလန့်တကြားနဲ့ပဲ အိပ်ရာအထက်ကနေ ထ,ပြီး ခေါင်းရင်းမှာ ထားဖြစ်ခဲ့သော စာအုပ်ကို ကောက်ကိုင်လိုက်ရသည်။

စာအုပ်ကိုမဖွင့်ရသေးခင်မှာပင် ဝင်လာသည့် ဖုန်းကအကိုကြီးဖြစ်နေသည်ကြောင့် ကိုင်ဖြစ်သွားသည်။

"Hello...."

"ညီမလေး အခုဘယ်မှာလဲ။"

"အဆောင်မှာလေ....."

"ဘေးမှာလူတွေအများကြီး ရှိနေလား။ Maskတပ်ထားရဲ့လား...."

"ဟင့်အင်း စုစုအခန်းထဲမှာ အခုပဲအိပ်ရာကနေနိုးတာ။ ဒါပဲနော် စုစုစာမကြည့်ရသေးဘူး စာကြည့်မလို့လေ။"

"မကြည့်လည်း ရသွားပြီညီမလေး။ အဲ့ဒီအတိုင်းလေးနေနေ.....အင်္ကျီတွေဘာတွေသိမ်းထား၊ အကိုကြီးလာခဲ့မယ်။ အခန်းပြင်မထွက်နဲ့နော်။"

"ဘာလို့လဲ....."

"မြန်မာနိုင်ငံမှာ ရောဂါပိုးရှိသူနှစ်ယောက် အတည်ပြုလိုက်ပြီ။ ကျောင်းတွေအားလုံးက စာမေးပွဲတွေလည်း ရပ်နားလိုက်ပြီ။ အိမ်ပြန်ရတော့မှာ..."

"စာမေးပွဲကရော ဘယ်လိုလုပ်မလဲ။"

"အခြေအနေတွေငြိမ်သွားမှ ဖြေပေါ့ကွာ။ Mask ရှိလား....တပ်ထား။ အပြင်ကိုမထွက်နဲ့တော့။"

"စုစုမျက်နှာမသစ်ရသေးဘူးလေ....။"

"ကျွန်တော် တာဝါတစ်ခုဝယ်ခဲ့ပေးမယ်။ အပြင်မထွက်နဲ့တော့ ညီမလေးတို့အဆောင်က လူများတယ်။"

"စုစုမှာ Maskလည်းမရှိဘူး...."

"ကျွန်တော်ဝယ်ခဲ့မယ်...။ ပစ္စည်းတွေသိမ်းပြီးစောင့်နေနော်။"

"အင်း....."

ဖုန်းချပြီးသည့်နောက်တွင် စာအုပ်တွေကို အရင်ဆုံးသိမ်းဆည်းဖြစ်သွားသည်။ သိမ်းဆည်းနေရင်းကနေ ပြတင်းပေါက်ဆီမှ အောက်သို့ငုံကြည့်ဖြစ်သွားတော့ အဝင်တံခါးပေါက်မှာ ပြားပန်းခတ်နေကြသည့် အဆောင်ကလူတွေကို တွေ့လိုက်ရသည်။

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now