အပိုင်း (၃၅)

3.7K 141 10
                                    

"ရမည်းသင်းကို သွားကြမလား။ "

ကားပေါ် မှာရှိနေသူတွေထဲက တစ်ယောက်ကနေပြီး ထိုသို့ အသံပြုသည်ကို ကျန်လူတွေအားလုံးက ထောက်ခံကြသည်။ ပျော်ဘွယ်နှင့်ရမည်းသင်း ဆိုတော့ သိပ်ပြီး မဝေးကွာလှသော်လည်း ကိုယ့်မြို့ကိုယ်မှာတင် ချမ်းတုန်နေအောင် ရေပက်ခံရပြီးပြီမို့ နောက်ထပ်ထပ်ပြီး ရေစိုဖို့ကို စုစုကတော့ မရွေးချယ်ချင်တော့ပေ။

ဒီလိုမျိုးရေပက်ခံနေရမည့် အစားပဲ စာအုပ်တစ်အုပ်ကို ဖတ်နေတာပဲ ဖြစ်ဖြစ်၊ အကိုကြီးနဲ့ စကားပြောတာပဲ ဖြစ်ဖြစ် တစ်ခုခုကို ရွေးချယ်လုပ်ကိုင်ချင်တော့တာဖြစ်သည်။

"သွားမယ်။ ဘုန်းမြတ်ကျော်ကို စာပို့ထားလိုက်မယ်။ မတွေ့ဖြစ်တာကြာပြီ။"

"မင်းက ဘာကိစ္စတွေ့ချင်တာ။"

"ဟားးးး...မင်းကတော့လေ။ ငါက ရိုးရိုးသားသား မတွေ့ဖြစ်တာကြာပြီလို့ပြောတာပါကွ။"

"ဟွန်း..."

အကိုခန့်ကျော်ရဲ့ ကြက်သီးထဖွယ်ရာ အသံတွေကို ကြားနေရတော့ မသွားတော့ဘူးလို့ ငြင်းဆန်ဖို့အတွက်ကို စုစုမပြောရဲတော့ပေ။ အကိုကြီးဘက်ကနေပြီး ကာကွယ်ပေးခဲ့သည့် အဲ့ဒီနေ့ပြီးကတည်းက စုစုတို့ မောင်နှမနှစ်ယောက်ကြား ဆက်ဆံရေးက အရင်လိုမဟုတ်တော့ပေ။

အရင်ကဆို စုစုဖြစ်ချင်တာမှန်သမျှကို အကိုခန့်ကျော်ဆီမှာ ပူဆာပြောပြရသေးသည်။ အခုတော့ဖြင့် အိမ်မှာ ထမင်းစားချိန် မျက်နှာချင်းဆိုင်ကြလျှင်‌တောင်မှပဲ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ စုစုမှာမဝံ့မရဲဖြစ်ရသည်။

"ညီမလေးအကိုက ချိန်ကြာကြီး။"

ကားလေးကျဥ်းကျဥ်းလေးပေါ်မှာ ကျောပေးပြီးရပ်နေကြသူတွေ အချင်းချင်းကို ကပ်တိုးလေး ပြောဆိုနေရှာတာဖြစ်သည်။

"အကိုကြီးလို ရုပ်မချောတော့ အခုထိရည်းစား မရရှာဘူး"

"ရှူး တိုးတိုးနေ။ "

"မနေချင်ပါဘူး။ ညီမလေးကို ချစ်ကြောင်းတွေပြောချင်သေးတာ။"

"ကျစ်....လူတွေအများကြီး ရှိနေတာကို"

"ရှိပါစေ။ တကယ်တမ်းက သူတို့ ခေါ်လာချင်တာမဟုတ်ဘူး။ ညီမလေးနဲ့ နှစ်ယောက်တည်း သင်္ကြန်လည်ချင်တာ။မတတ်သာလို့ "

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now