Part-1

2.1K 140 2
                                    

အချစ်ကဘာလဲလို့မေးရင်
ခြေတံရှည်တွေနဲ့လက်ဝါးပြင်ကျယ်လို့ အထက်တန်းကျောင်းသားလေးက
ကာရန်မကိုက်စွာနဲ့ ပြန်ဖြေပါလိမ့်မယ်...။

အထက်တန်းကျောင်းသားလေးက
အချစ်ကိုစာကြည့်တိုက်မှာရှာတယ်...။
ဘတ်စကက်ဘောကွင်းရောက်ရင်လည်းရှာတယ်...။ ဘတ်စ်ကားမှတ်တိုင်ရောက်ရင်လည်းရှာမိတာပဲ...။

နားကြပ်ကတစ်ဆင့်လေလှိုင်းထဲကလာနေတဲ့ Say My Nameသီချင်းလေးကိုခံစားရင်း အချစ်ရှိရာဘတ်စကက်ဘောကွင်းကိုငေးကြည့်နေလိုက်သည်...။

//အချစ်သီချင်းချိုချိုတွေကိုနားထောင်ရင်း
အချစ်ကဗျာတွေကိုစာအုပ်မှာရေးခြစ်ပြီး
ချစ်ရသူကို
ချစ်တဲ့အကြောင်းတွေအများကြီးပြောပြချင်တာ//

အထက်တန်းကျောင်းသားလေးရဲ့
ကဗျာမပီစာမပီ စာသားတစ်ချို့က
စာမျက်နှာတိုင်းနေရာယူထားသည်...။
အတန်းထဲကလူတွေကတော့
စာပေရူးလေးလို့သတ်မှတ်ကြတယ်...။
တစ်ခါတစ်ရံ ရည်းစားစာလိုဟတ်ထိစေတဲ့
စာတွေကိုလည်း
ထိုအထက်တန်းကျောင်းသားလေးကို
လာရေးခိုင်းကြတယ်...။

"Han Yujin ရေ ဆရာ့ကိုအာရုံလေးစိုက်ပေးရင်ကျေးဇူးတင်မိမှာပဲ"

ဆရာChoi ရဲ့ခပ်ရွဲ့ရွဲ့စကားအဆုံးမှာ
အားလုံးကသူ့ကိုလှည့်ကြည့်လာသည်...။
သို့သော်အထက်တန်းကျောင်းသားလေးကတော့
ရိုးနေသည့်ပုံပင် ဆရာ့ကိုမဲ့ပြုံးတစ်ချက်ပြုံးပြလိုက်ပြီး လက်ထဲကဘောပင်ကိုဆက်လှည့်နေလိုက်သည်။

ရာသီဥတုကသာသာယာယာပါပဲ...။
အထက်တန်းကျောင်းသားဘဝလေးကလည်း
ထိုသို့ပါပဲ။

ခြေတံရှည်နဲ့ဘတ်စကက်ဘောကစားနေတဲ့
ထိုလူ့ကိုမြင်တိုင်းအထက်တန်းကျောင်းသားလေးရဲ့
နှလုံးသားကအပြင်းအထန်ရုန်းကန်ပါတယ်...။

၁၆နှစ်အရွယ်ဆိုတော့
သစ်ရွက်လှုပ်တိုင်းရင်ခုန်တတ်တာပဲလို့
စနောက်လိုက်ရင် သစ်ရွက်လှုပ်တိုင်းရင်ခုန်တာ
မဟုတ်ဘဲ အတွေးလေးနဲ့တင်ရင်ခုန်တယ်လို့
ခပ်ဆတ်ဆတ်လေးပြန်ပြောလိမ့်မယ်...။

ချောကလက်နို့ဘူးလေးကိုဖောက်သောက်နေရင်း
တဖက်ဝင်းထဲမှာဘတ်စကက်ဘောကစားနေတဲ့
ခြေတံရှည်တွေနဲ့ထိုလူကိုမသိမသာခိုးကြည့်နေမိသည်။

Eyes On YouWhere stories live. Discover now