Part-10(Final)

1.1K 122 1
                                    

ကြီးကျယ်ခမ်းနားလှတဲ့Giant Dell Companyအတွင်းသို့ Ruby Red Boy fitနှင့်အမျိုးသမီးတစ်ယောက်ထည်ဝါစွာ
ဝင်ရောက်လာသည်။

"Kimနဲ့တွေ့ချင်လို့ပါ"

"CEO Kimလား MD Kimလားမသိဘူးနော်"

Receptionမှဝန်ထမ်းကမသေချာစွာမေးသည်။

"နှစ်ယောက်လုံး"

ဝန်ထမ်းလေးကစိတ်ရှုပ်သွားဟန်ဖြင့်

"နှစ်ယောက်စလုံးမရှိပါဘူး ခရီးထွက်သွားကြပါတယ်"

နေကာမျက်မှန်အောက်က
အမျိုးသမီးရဲ့မျက်ဝန်းတွေ
ပြုံးရောင်သန်းသွားသည်။

"ကျေးဇူးပဲပြန်လိုက်ပါအုံးမယ်"

>>>

"Hyungပြောတော့ဒီနေ့တစ်နေကုန်အိမ်မှာပဲနေမှာဆို"

"မင်းကိုငါအိပ်နေတယ်ထင်တာလေဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

Viennaရဲ့မနက်ခင်းကို
Kimညီအစ်ကိုနှစ်ယောက်ရဲ့
စပရိုက်တွေ့ဆုံမှုကြီးဖြင့်အစပျိုးလိုက်သည်။

"Hyungဘယ်သွားမှာလဲ"

"ဘယ်သွားသွားပေါ့"

"ကျစ်!အကောင်းနဲ့မေးတာကို"

"ငါလည်းအကောင်းဖြေနေတာပဲလေ!

ညီအစ်ကိုနှစ်ယောက်ကလည်း
တစ်ခါတစ်ရံကြောင်နဲ့ကြွက်လိုပဲ...။

Kimက ကလေးလေးကို
ဘယ်နေရာရှာရမှန်းမသိတာနဲ့
အစ်ကိုကြီးနောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်သည်။

"ဘာလိုက်လုပ်မှာလဲ"

"သွားစရာမှမရှိတာညီအစ်ကိုအချင်းချင်းကိုခေါ်သွားလေ"

"သွားလိုရာသွားငါ့နောက်မလိုက်နဲ့"

"ဟိုအစ်ကိုကိုသွားတွေ့မှာမဟုတ်လား...မနှောက်ယှက်ဘူးစိတ်ချ..ဒီတိုင်းမနက်စာစားမလို့"

Kimကစိတ်ရှုပ်လာဟန်ဖြင့်
စကားကိုတရစပ်ပြောချလိုက်သည်။
Shine Caféအတွင်းသို့ဝင်သွားတဲ့
အစ်ကိုကြီးနောက်ကိုလည်း
တန်းတန်းမတ်မတ်လိုက်ချသွားသည်
ထူးဆန်းစွာနဲ့ပဲ
နောက်ပြန်လှည့်ဖို့စိတ်ကူးတော့မရှိခဲ့ဘူး။

Eyes On YouWhere stories live. Discover now