Extra

1.1K 120 7
                                    

7နှစ်ကြာပြီးနောက်အရာရာတိုင်းက ပြောင်းလဲသွားသည်။ အရင်ကကျောင်းသားလေးကလည်း ဆရာဝန်တစ်ယောက်ဖြစ်လာပြီး Viennaမှာဆေးရုံပင်ဖွင့်တော့မည်။ Kimကလည်း Viennaရုံးခွဲမှာ CEOတာဝန်ယူထားပြီး ကလေးလေးနားပဲအမြဲနေသည်။

ဒီနေ့Shine Caféတွင်လူစုံနေသည်။

"Yujin ဆေးရုံဖွင့်တော့မလို့ဆို"

"ဟုတ်ကဲ့"

"ကလေးလေးပင်ပန်းနေတော့မှာပဲ"

Kimကဝမ်းနည်းသွားသောမျက်နှာနှင့် ကလေးလေးခေါင်းကိုပွတ်သပ်ပေးတဲ့အခါ အစ်ကိုကြီးဆီမှမကျေနပ်သံကြီးထွက်လာသည်။

"အပိုတွေ!"

"Jiwoni Hyung...ဘာလို့သူများကိုသွားပြောနေရတာလဲ"

"ဟွန့်!"

အစ်ကိုကြီးစိတ်ကောက်သွားပြီ...။
အချစ်နဲ့တွေ့ပြီးနောက်တည်တည်ငြိမ်ငြိမ် Kim Jiwoongကို ပြန်ရှာမရတော့...။ မျက်နှာကြီးစူပုတ်ထားတတ်ပြီး မျက်စောင်းတစ်ထိုးထိုးနှင့် အလွန်ချစ်စရာကောင်းနေတတ်သည်။

"Matthew Hyung အလိုသိပ်မလိုက်နဲ့ Jiwoong Hyungနဲ့မတန်လို့"

"ဘာ!!Kim Gyuvinမင်း! မင်းငါနဲ့တွေ့မယ်!"

"အခုတွေ့နေတာပဲလေ..ဘယ်မှာတွေ့ချင်သေးတာလဲ အော်..ဘားမှာလား"

"Kim Gyuvin!!!"

"အိုမို..အိုမို..ကြောက်စရာကြီး...ကလေးလေးရေ ကိုကိုကြောက်လိုက်တာ"

ကလေးလေးနားကိုကပ်သွားရင်းကြောက်တဲ့ပုံစံတုန်ပြတဲ့အခါ အစ်ကိုကြီးဒေါသပိုထွက်သွားရသည်။
မကြီးမငယ်တွေနဲ့ ရန်ဖြစ်နေကြပုံများ သိပ်ချစ်ဖို့ကောင်းသည်။

"မင်းကိုမိလို့ကတော့အရေခွံဆုတ်ပစ်မယ်!!"

ဆိုင်တစ်ခုလုံးKim ညီအစ်ကိုနှစ်ယောက်ရဲ့အသံတွေနဲ့ဆူညံနေသည်။ YujinကCustomerတွေကိုအားနာသွားတာကြောင့်

"ကိုကိုလာခဲ့တော့ထိုင်တော့"

"ဟုတ်ကဲ့ပါDoctor Hanခင်ဗျ"

"ရွဲ့တယ်ပေါ့Kim Gyuvin"

"အယ်မဟုတ်ရပါဘူး"

ရွဲ့တိရွဲ့စောင်းပြုံးစိစိမျက်နှာလေးသည် ကလေးလေးထံမှ"Kim Gyuvin" လို့နာမည်အပြည့်အစုံခေါ်ခံရတဲ့အခါ ငြိမ်သက်သွားပြီးလက်တွေတကာကာနှင့်ရှင်းပြရှာသည်။

Eyes On YouWhere stories live. Discover now