Part-8

859 117 0
                                    

Vienna Medical Field ရဲ့ 3/2027 batchတွင်
သာမန်ထက်ပိုထင်ပေါ်နေလွန်းသော
ကောင်လေးတစ်ယောက်ရှိသည်။

ရုပ်ရည်ချောမောလွန်းသည့်အပြင်
ကိုရီးယားလူမျိုးပါဖြစ်နေသောကြောင့်
နိုင်ငံခြားသားတွေကပိုပြီးစိတ်ဝင်စားကြလေသည်။

Social Media တွင်သူ့အတွက်သီးသန့်နေရာရှိပြီး
ဂျူနီယာဆိုပေမယ့်အားလုံးရဲ့
အချစ်ခံလေးဖြစ်နေတတ်သည်။

@rabbit_is_a_lionဆိုသောAccလေးသည်
Followerသိန်းဂဏန်းထိပင်တက်နေပြီး
ထင်ပေါ်နေရခြင်းကိုမကြိုက်တဲ့
ကျောင်းသားလေးကသဘောတကျပြုံးသည်။
#ကိုကိုအလွယ်တကူရှာနိုင်စေရန်

"Han Yujinတို့နာမည်ကြီးချက်ကိုလိုက်မမှီဘူး"

ကြိတ်ကြိတ်တိုးနေတဲ့လူတွေကြားကော်ဖီခွက်တွေအပြေးအလွှားချပေးနေသော
Matthewကမကျေနပ်စွာပြောသည်။
ကျောင်းသားလေးကကျောင်းအားချိန်တိုင်း
Shine Caféကိုလာတတ်သဖြင့်
ကျောင်းသားလေးနောက်သို့လိုက်လာကြသော
ငယ်ငယ်ချောချောလေးတွေအားလုံးကလည်း
Shine Caféရဲ့ ထာဝရဖောက်သည်များ
ဖြစ်သွားတော့သည်။

ဆိုင်ကကောင်လေးနှစ်ယောက်အပြင်
လာလည်နေကျကောင်လေးကလည်းချောသဖြင့်
ထိုဆိုင်တွင်ပျိုမဒီတို့စုံနေသည်မှာ
အထူးအဆန်းမဟုတ်ပါပေ။

"Hanbin Hyung"

Yujinဆီမှခေါ်သံကိုကြားတဲ့အခါ
ကောင်တာမှာငိုက်နေသောHanbinက
နဖူးနဲ့ကောင်တာကိုဒိန်းခနဲမြည်အောင်တိုက်မိသွားသည်။

"အဆင်ပြေရဲ့လား Hyung"

Matthewကစိုးရိမ်တကြီးမေးတဲ့အခါခေါင်းခါပြသည်။

Mr.Sung ဒီရက်ပိုင်းအဆင်မပြေပါ...။
ဆိုင်မှာလူများလာတာကိုသဘောကျပေမယ့်
အိမ်ကကောင်လေးနှစ်ယောက်ကိုစိတ်မချနိုင်တော့။
သွေးသားတွေမတော်စပ်ကြဘူးဆိုပေမယ့်
တစ်ယောက်ကငယ်ငယ်ကတည်းက
ထိန်းသိမ်းပေးခဲ့တဲ့သူ
တစ်ယောက်ကလည်းနယ်ဝေးမှာစာလာသင်တာ
အားကိုးတာဆိုလို့ကိုယ့်ကိုပဲ...။

ဒီကလေးနှစ်ယောက်လုံးကလူကြောက်တယ်
အခုတော့Celebrityလိုဖြစ်နေတော့
မကြောက်ကြတော့
လူတွေများလာရင်ဆိုင်နောက်ထဲမှာနေခိုင်းလည်း
တစ်ချို့တွေကအတင်းMr.Sungကိုဖိအားပေးနေရင်
ခေါင်းလေးပြူပြီးထွက်လာကြတဲ့
ညီအစ်ကိုနှစ်ယောက်။

Eyes On YouWhere stories live. Discover now