Part-7

900 115 2
                                    

နာမည်ကြီးFashion Brand တစ်ခုဖြစ်သည့်
Role Model Companyတွင်
ရုန်းရင်ဆန်ခတ်ဖြစ်နေသည်..။

"CEOနဲ့တွေ့မှဖြစ်မယ်"

"မရလို့ပါ မင်းသားရှင့်"

အတွင်းရေးမှူးလေးကအပြင်းအထန်ပင်တားသည်။

"ပြဿနာမဖြစ်ချင်ပါနဲ့တော့Taeraeရယ်...ရိုက်ပေးလိုက်ပါ"

"မရဘူး!! ဒီ Cutie Pieကိုကျွန်တော်မဝတ်နိုင်ဘူး...စာချုပ်ဖျက်ဆိုလည်းဖျက်မယ်"

စာချုပ်ဖျက်မယ်ဆိုတဲ့စကားလေးမှာ
CEOရုံးခန်းတံခါးပွင့်လာသည်။

"Ricky!"

"CEOရှင့် မင်းသားက..."

Rickyကအတွင်းရေးမှူးလေးကို
လက်ကာပြပြီးထွက်သွားခိုင်းလိုက်သည်...။
Ricky ပုံစံကခါတိုင်းပေါ့ပေါ့ပါးပါးပုံစံတွေနဲ့မတူ။
All Blackနဲ့အရှိန်အဝါတစ်ခုခုရှိနေသလိုမျိုး
2နှစ်ကျော်ကာလအတွင်း
အိမ်ဘေးနားကပြောင်းသွားတဲ့ကောင်လေးက
ပြောင်းလဲသွားလိုက်တာ...။

"မဟုတ်မှCEOကမင်းလား"

မလှုပ်မယှက်ခေါင်းငြိမ့်ပြသည်။
ခါတိုင်းတွေ့နေကျချစ်ဖို့ကောင်းခြင်းလေးတွေ
Ricky မှာမရှိတော့...။
Yujinပြောခဲ့ဖူးတဲ့
""ပြုံးပြပေးရင်ကျေးဇူးတင်မိမှာပဲ""
ဆိုတဲ့စကားကို
Taeraeအခုမှပဲသဘောပေါက်တော့သည်။
ပြောင်းလဲသွားတယ်လို့ခံစားရပါသည်။

သို့သော်TaeraeကRickyရဲ့ပြောင်းလဲမှုတွေကို
သိပ်အာရုံမရောက်နိုင်သေး...
အဓိကက ဒီCuteဖြစ်လွန်းနေတဲ့ဝတ်စုံကို
မဝတ်နိုင်တာပင်။

"ငါ့ကိုဘာလို့ Cute Conceptလဲ မရိုက်နိုင်ဘူးနော် Ricky"

"အစ်ကိုနဲ့လိုက်တယ်လေ ဒီConceptက"

"Ricky!"

"တစ်ခါလောက်ဝတ်ကြည့်...မကြိုက်ရင်မရိုက်ဘူး...စာချုပ်တော့မဖျက်နဲ့"

Taeraeရဲ့လေသံက
ကလေးတစ်ယောက်အလိုမကျသလိုဖြစ်နေပြီး
ခြေပါဆောင့်ပြလိုက်တဲ့အခါ
Ricky လေသံကလျော့ကျသွားသည်။

ချစ်စရာပုံစံလေးနဲ့မြင်ဖူးချင်လို့
Cute Conceptရိုက်ခိုင်းပေမယ့်
အလိုမကျဘဲစာချုပ်ဖျက်ဖို့ပြောလာတဲ့အခါ
အစ်ကိုစာချုပ်မဖျက်ရေးသည်သာ
အဓိကဖြစ်သွားသည်။
တကယ်ကCute Concept မရိုက်ချင်နေတဲ့
ပုံစံလေးကလည်းချစ်စရာလေးပါပဲ...။

Eyes On YouWhere stories live. Discover now