Part-9

887 106 0
                                    

မလွန်ဆန်နိုင်တဲ့အမိန့်တွေကြောင့်
Jiwoong ဟာViennaကိုခြေချလာခဲ့သည်။
အလုပ်ကိစ္စတွေစုံစမ်းပြီး
Korean Caféတစ်ခုမှာဝင်ထိုင်ခဲ့သည်။
မျိုးချစ်စိတ်ဝင်ပြီးKorean ဆိုင်ထိုင်မိတာ
CEO Kimတို့ရှိသမျှအပါးတွေ
အကုန်မှောက်တော့တာပဲ။

"Ah!! Matthew Hyung~ချောကလက်တွေများကုန်ပြီလေဗျာ"

ဆိုင်အနောက်ဘက်ကပျံ့လွှင့်လာတဲ့အသံလေးမှာ
CEO Kimရဲ့ကမ္ဘာကြီးရပ်တန့်သွားရသည်။
နာမည်တူနေတာမဖြစ်စေလိုပါ..။
သက္ကရာဇ်တွေအများကြီးကြာမှ
ပြန်ကြားရတဲ့နာမည်လေးကို
ထိုအပြုံးပိုင်ရှင်လေးပဲဖြစ်စေချင်ခဲ့သည်။

"မလှတော့ဘူး Hanbin Hyung လာကြည့်ပါအုံးကျွန်တော်တို့ Cakeလေးကိုခ်ခ်ခ်"

ခပ်ငယ်ငယ်ကောင်လေးအသံက
ဆိုင်အတွင်းကိုထပ်ပျံ့လွှင့်လာသည်။
သေချာပေါက်Matthewအသံတော့မဟုတ်ဘူးပေါ့။
CEO Kim ကထိုင်ရမလိုထရမလိုနှင့်...
အချစ်နဲ့တွေ့ရင်လူတွေကသိပ်ပုံမှန်မဖြစ်ကြတော့ဘူး
ဖြစ်နိုင်ရင်ဆိုင်အနောက်ထဲကို
ပြေးဝင်ကြည့်လိုက်ချင်သည်။
ရှောင်ပြေးသွားတဲ့အချစ်ဝရန်းပြေးလေးရဲ့
အပြုံးတွေကို
သေချာပေါက်တော့ပြုံးနေခဲ့မှာပေါ့
သူမရှိတဲ့ဒေသတွေမှာ...။

CEO Kimက ထိုင်းမှိုင်းစွာပင်ပြန်ထွက်သွားခဲ့သည်။
မာမီပြောတဲ့စပရိုက်တွေများဖြစ်လေမလား။
ရက်စက်ခံရတော့မှာလား။
ကိုယ်တိုင်ဗီလိန်ဇာတ်ရုပ်လုပ်ခဲ့တာကြောင့်
တန်ပြန်သက်ရောက်မှုကြီးတော့မခံစားချင်ပါ။

လေးတိလေးကန်စိတ်တွေနဲ့CEOက
Canadaကိုပဲပြန်သွားခဲ့သည်။

အားမရချင်စရာလေးပါ...
ဘာပဲဖြစ်ဖြစ်ဆိုင်နောက်ထဲကိုပြေးဝင်ပြီး
ဇာတ်လမ်းတွေကိုတိုက်ရိုက်ရှင်းလိုက်ရင်
Viennaမှာဇာတ်ရှိန်မြင့်မှာပဲ။
တစ်ခါတစ်လေKimတွေကမှန်းဆရခက်တယ်။
ဘာတွေတွေးဆနေကြပါလိမ့်။

Hackerလေးမှာဆိုင်သူရှိနေမှာကိုကြောက်လို့
ပြေးထွက်လာခဲ့သတဲ့...။
သတ္တိတွေဘယ်သွားထားလဲKim Jiwoongရေလို့
မေးပြီးဆွဲထိုးချင်စရာ
တိုက်ရိုက်တော့ရှင်းမလာခဲ့ပဲ
ကိုယ်ရှင်းနေတာစားပွဲခုံနဲ့
စကားတွေများထပြောတတ်ရင်
စားပွဲခုံတော့နာလွန်းလို့
လိမ့်နေအောင်အော်လိမ့်မယ်
Hackerလေးဟုတ်ရဲ့လားတောင်မသိဘဲနဲ့
ပြန်ပြေးခဲ့တာများတန်းတန်းမတ်မတ်
ရယ်ချင်စရာပဲJiwoongရယ်...။

Eyes On YouWhere stories live. Discover now