Part-5

911 128 0
                                    

အထက်တန်းနောက်ဆုံးနေမို့
Kimရဲ့မျက်နှာကမှိုင်ပျပျ...
မာမီကတော့ဝမ်းသာအားရနှင့်ဆီးကြိုသည်။

"မာမီ့ကလေးလေးကသူငယ်ချင်းတွေနဲ့ခွဲရလို့ဝမ်းနည်းလာပုံပဲ"

"အဲ့လိုမဟုတ်မှန်းမာမီသိပါတယ်"

Kimရဲ့အဖြေမှာမာမီမျက်နှာ
တစ်ချက်ပျက်သွားခဲ့သည်။
သို့သော်စက္ကန့်ပိုင်းအတွင်းပြန်ထိန်းနိုင်ခဲ့သည်။

"ကတိတည်မယ်မဟုတ်လား...မာမီ့ကလေးလေး"

Kim ကမှိုင်ပျတဲ့မျက်ဝန်းတွေနဲ့လှည့်ကြည့်လာသည်။
အရာအားလုံးကိုစိတ်ကုန်နေသလို။

"မာမီ့ဘက်ကလည်းကတိတည်ပေးပါ"

"မာမီကအမြဲကတိတည်ပါတယ်ကလေးရယ်"

"ကျွန်တော်သိပါတယ်...Hyungကိစ္စကိုကြည့်ရင်ပေါ့"

"ကလေးတို့မာမီ့ကိုအထင်တွေလွဲနေပြီ"

"အထင်လွဲရအောင်အထင်မဟုတ်ဘူးမာမီ...ဒါအမြင်..အမြင်ဗျ"

Kimရဲ့ဒေါသသံဟာ
အိမ်တော်တစ်ခုလုံးဟိန်းသွားတတ်သည်။
အမြဲပဲ...
Kimရဲ့ဒေါသကိုလူတိုင်းကကြောက်ကြသည်။

"မာမီသားရဲ့Hyungကိုကနေဒါပို့ပေးခဲ့တယ်လေသားရယ်"

မာမီ့အသံကတုန်ရီနေသလို
ဝမ်းနည်းဟန်လည်းရှိသည်။
နှုတ်ခမ်းနီတွေနဲ့မှမလိုက်...
ဝတ်ထားတဲ့ကြက်သွေးရောင်
ကိုယ်ကြပ်ဝတ်စုံနဲ့မှမလိုက်...
မာမီကပါတီအမတ်မလုပ်ဘဲ
သရုပ်ဆောင်လုပ်သင့်တာ။

"မာမီHyungကိုကနေဒါပို့ခဲ့ပေမယ့် သူ့နှလုံးသားကိုတော့တစ်ဖက်လက်နဲ့အဝေးပို့ခဲ့တာပဲလေ"

Kimရဲ့မျက်နှာက
ဒေါသတွေထွက်လွန်းလို့နီရဲနေသည်...။
တစ်ခါတစ်လေမှဖြစ်တဲ့ရန်ပွဲလေးပါ...။
တစ်ခါဆိုလည်းတစ်ခါအလိုက်
ဒေါသတွေအကုန်ပွင့်ထွက်တတ်သည်။
အိမ်တော်ရဲ့ဒုတိယသခင်လေးကဒေါသအိုးလေး...။

"မာမီမလုပ်ရပါဘူးကလေးရယ်မာမီ့ကိုအထင်လွဲလို့သိပ်ဝမ်းနည်းတာပဲ"

KimကDramaတွေကိုဂရုမစိုက်။
အိမ်တော်အပေါ်ထပ်ကို
ခြေသံပြင်းပြင်းနဲ့တက်သွားသည်။

Eyes On YouWhere stories live. Discover now