Part-2

1K 126 1
                                    

Han Yujinကစာမလုပ်ချင်ပေမယ့်
ကိုကိုဗေဒဆိုတဲ့ဘာသာရပ်ကိုတော့
ခဏခဏRevisionပြန်လေ့ရှိပါသည်...။

Han Yujinရေမငြီးငွေ့သေးဘူးလားမေးရင်
အချစ်မရှိတဲ့ဘဝကြီးကပျော်ဖို့ကောင်းရဲ့လားလို့
ပြန်မေးမယ်...။

ပြောလိုက်တိုင်းကိုကို့​ခြေတံရှည်
ကိုကို့လက်ဝါးပြင်ကျယ်ပဲ...
ကိုကို့မျက်နှာကိုအနီးကပ်မမြင်ဖူးဘူး
မကြည့်ရဲခဲ့တာဆိုပိုမှန်ပါသည်။

လမ်းမှာခဏခဏတိုက်ခဲ့ရင်တောင်
မော်မကြည့်ရဲခဲ့ဘူး...။
ခေါင်းငုံ့ရှောင်ပြေးခဲ့တာချည်း...
မတော်တဆများ ကိုကိုနဲ့မျက်လုံးချင်းဆုံခဲ့ရင်
မျက်လုံးထဲကအချစ်တွေမြင်သွားမှာစိုးလို့
ဘယ်သောအခါကမှ ကိုကို့မျက်နှာကိုမကြည့်ခဲ့ဘူး။

ကိုကိုဆိုတဲ့နာမ်စားလေးကို
စိတ်ထဲမှာစခေါ်စတုန်းကဆိုရင်
တစ်ယောက်တည်းပြုံးနေတာမပြီးနိုင်မစီးနိုင်မို့
သူငယ်ချင်းတွေကတော့ရူးသွားပြီလို့
သတ်မှတ်လိုက်ကြဖူးသည်။

ဓာတုဗေဒစာအုပ်ကြီးရှေ့ချပြီး
ကိုယ်တိုင်ကမူဘောပင်လှည့်ကာပြုံးနေမိသည်။

"Yujin သားငယ်လေးစာလုပ်အုံး သားအခုပုံစံနဲ့ဆိုနောက်နှစ်ဒီအတန်းထပ်နေရတော့မှာပဲ"

မေမေ့ရဲ့စကားသံကြောင့်
Yujinမျက်လုံးလေးပြူးသွားရသည်။
နောက်နှစ်ဒီအတန်းထပ်နေလို့မဖြစ်ဘူး။
ကိုကိုနဲ့သူထပ်ဝေးသွားလိမ့်မယ်။

အဲ့အစားကိုကိုအတန်းကျသွားတာကမှ
သူတို့နီးစပ်နိုင်သေးသည်...။
နှစ်နှစ်လောက်ကျလိုက်ရင်
သူနဲ့တစ်ခန်းထဲတောင်စာသင်ရနိုင်သည်...။

အထက်တန်းကျောင်းသားလေးသည်
မေမေချပေးသောနွားနို့ခွက်ကိုမသောက်နိုင်ဘဲ
တစ်ယောက်တည်းပြုံးစိစိနှင့် ကိုယ့်အတွေးကိုယ်
သဘောကျနေပြန်သည်။

"သားငယ်လေးရေ ဒီရက်ပိုင်းတော့အချစ်တွေကို ခဏထားပြီးစာလုပ်လိုက်ရအောင်"

"အဟွတ် အဟွတ်"

မေမေ့ထံမှမထင်မှတ်ထားသော
စကားသံကြားလိုက်ရ၍
သောက်နေသောနွားနို့ပါသီးသွားကာ
မျက်နှာတစ်ခုလုံးရဲတက်လာသည်။

Eyes On YouWhere stories live. Discover now