𝙴𝚙𝚒𝚜𝚘𝚍𝚎 -6

16.7K 797 74
                                    

မနေ့က အသိပေးပြီးတာနဲ့ နောက်မနက် အိမ်တော်သို့ တန်းရောက်လာကျတဲ့ နှစ်ဖက်မိဘများ။
အခန်းတူတူသုံးရန် မနေ့ညထဲက ပြင်ဆင်လိုက်သည့် သူတို့။သို့သော် တူတူတော့မအိပ်ဖြစ်ခဲ့။မအိပ်ဖြစ်တာထက် ထယ်ယောင်းက သီးသန့်တစ်ခန်းမှာ သွားဝင်အိပ်ခြင်းသာ။

"ထယ်ယောင်း"

"အွန်း?"

"စိတ်ဆိုးနေတာလား?"

‌"ဟမ်?"

ဂျွန်ရဲ့ဒီစကားက သူကို တော်တော်တုန်လှုပ်စေသည်။စိတ်ဆိုး၊စိတ်ကောက်လုပ်ရအောင် မိန်းကလေးလဲမဟုတ်။အထင်သေးလွန်းသွားပြီ ဂျွန်။

"မင်းစိတ်ဆိုးနေတာလားလို့မေးတာ"

"စိတ်ဆိုးတယ်?ငါကလား?ဘယ်သူ့ကိုစိတ်ဆိုးရမှာလဲ?"

"အရူးကွက်မနင်းနဲ့ ထယ်ယောင်း၊ငါပြောတဲ့အဓိပ္ပာယ်ကို မင်းသိပါတယ်"

"ငါ့ကိုအထင်သေး‌သွားသလိုမဖြစ်နေဘူးလား?
ဂျွန်"

"အဲ့လိုမျိုးရည်ရွယ်တာမဟုတ်ဘဲ.."

"ငါပြောတာပဲနားထောင်!..စိတ်ဆိုး၊စိတ်ကောက်
မလုပ်တတ်ဘူး၊လုပ်ရအောင်လဲ မင်းနဲ့ငါကြားမှာ အဲ့လောက်ထိလုပ်ဖို့ ရင်နှီးမှုဆိုတာမျိုးမရှိဘူး"

"စိတ်ပျက်တာလား?ဒါဆို"

"မဟုတ်ဘူး စိတ်ပျက်ဖို့တောင်မှ မတန်ဘူး၊စိတ်ပျက်တယ်ဆိုတဲ့ ဒြပ်မဲ့တစ်ခုကို ငါစိတ်ထဲမှာမထားဘူး ၊ထားရင်ရော ဘာရမှာလဲ?အလေးခံရရုံကလွဲပြီး ဘာမှလဲဖြစ်မလာဘူး..အဲ့ဒါမလို့ ပေါက်ကရတွေ တွေးတာလျော့.."

"အွန်း..အတွေးလွန်သွားတယ် ဆောတီး"

သူရဲ့အိမ်တော်ရုံးခန်းကနေ ထွက်သွားဖို့ပြင်နေတဲ့ ဂျောင်ဂု။

"ခဏနေအုံး."

"အွန်း?"

"မာမီတို့ရှေ့ကျရင် skin ship တာမျိုးမလုပ်ပါနဲ့..ဒါက သတိပေးတာမျိုးမဟုတ်ပဲ တောင်းဆိုတာမျိုး"

"မင်းမပြောရင် လုပ်မိတော့မို့.."

"အွန်း..ငါတို့နှစ်ယောက်လုံးက သရုပ်ဆောင်
မလုပ်တာပဲရှိတယ်၊သရုပ်ဆောင်တော်ကြတာမို့ စကားနဲ့ပဲ ရင်းနှီးတယ်ဆိုတာကို ဟန်ဆောင်ပြကြမယ်"

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now