𝗙𝗶𝗻𝗮𝗹 𝗽𝗮𝗿𝘁

20.7K 767 130
                                    

ဂျောင်ဂုဆေးရုံက ဆင်းရပြီးတဲ့အချိန်မှာ နှစ်လနားရသည်။
ဂျောင်ဂုနားရတဲ့နှစ်လလုံး ထယ်ယောင်းကတော့ အလုပ်လုပ်မြဲသာ။နေ့လည်စာစားချိန်ဆိုရင်တော့ ပြန်လာစားပေးသည်။ဒါကလဲ ဂျောင်ဂုတောင်းဆိုထားခြင်းကြောင့်သာ။မဟုတ်ရင် Companyကို သွားလိုက်ပြန်လိုက်နှင့်မို့ ထယ်ယောင်းဒီလိုလုပ်ဖြစ်ပြီမထင်။

"ဂျွန် ငါအလုပ်လုပ်နေတာနော်..လာမရှုပ်နဲ့"

"ရှုပ်တာမဟုတ်ပါဘူး..နားရက်လေးမှ တွေ့ရတဲ့ ထယ့်ကိုလွမ်းလို့ ကပ်နေတာပါ"

"နားရက်မှာပဲတွေ့ရတာမှမဟုတ်တာ နေ့တိုင်းမြင်နေရတာကို ဘာအရူးထနေပြန်တာလဲ?"

တွေ့လား?အဲ့တာပဲကြည့် ထယ်နဲ့‌ဆို တစ်ခုမှ ရိုလို့မရ။

"ကျန်တဲ့ရက်တွေ့က တွေ့ရတာနည်းတယ်လေကွာ"

"မင်းပြောတဲ့စကားကို မင်းပြန်စဉ်းစားကြည့်အုံး"

"မှားပြောမိတာလေးကို"

"ငြိမ်ငြိမ်နေကွာ ငါအလုပ်လုပ်နေတယ်"

"စိတ်မရှည်တဲ့ပုံစံနဲ့ ဒါလေးပဲပြောမိတာကို"

"တိတ်တော့လို့ "

တစ်ရှူးဗူးထောင်ပြပြီးပြောမှ ဂျောင်ဂုလဲသူ့ပါးစပ်ကို သူပိတ်ပြလိုက်သည်။

"ဘာလုပ်ပြန်တာလဲ?"

ထယ်ယောင်းပေါင်ပေါ်ကို ဝင်လှဲ‌တဲ့ဂျောင်ဂုကြောင့် ပြောလိုက်ခြင်းသာ။

"အိပ်မလို့လေ ထယ်ကလဲ"

"အိပ်ချင်ရင် ကုတင်ပေါ်သွားအိပ်လေ"

"ထယ်ပေါင်ပေါ်မှာပဲ အိပ်ချင်တာ"

"ကလေးကလားလုပ်မနေနဲ့..ငါမအားဘူး"

"ထယ်ကလဲ..ကိုယ်ပြောပြ‌မယ်..ထယ်က အလုပ်လုပ်၊ကိုယ်က ထယ့်ပေါင်ပေါ်မှာ‌အိပ်မယ်လေ"

"မင်းက တကယ်ရှုပ်တာပဲ"

"မရှုပ်ပါဘူး "

ပြောပြီးတာနဲ့ ထယ်ရဲ့ ပေါင်ပေါ်သို့ ဝင်လှဲလိုက်သည်။

"ထယ်ကိုယ်သင်းနံ့လေးက မွှေးနေတာပဲ..ကြိုက်တယ်"

"တိတ်တိတ်နေလို့ပြောထားတယ်နော် ဒီတစ်ခေါက်မင်းပါးစပ်ကစကားထပ်ထွက်ရင် ကုတင်ပေါ်မှာသွားအိပ်"

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now