မနက်အစောကြီးနိုးပေမဲ့လဲ ဒီနေ့ရုံးမသွားဖြစ်။
နူနာကို အချိန်ပေးမယ်ဟုပြောခဲ့ခြင်းကြောင့်ပင်။ဟိုတယ်ရှေ့မှာ သူ့ကို စောင့်နေတဲ့ နူနာ။သူ ကားရပ်လိုက်တော့ မှန်ကိုအရင်လာခေါက်သည်လေ။ကားမှန်ကို ဖွင့်ပေးလိုက်တော့....။
"အလုပ်တွေရှိသေးတာကို ကိုယ့်အလုပ်ကိုယ်လုပ်တာ မဟုတ်ဘူး"
"လိုက်ပို့မယ်လို့ပြောခဲ့တာကို လာတက်ခဲ့ချည်"
"မတွေ့တာကြာတယ်ဆို စကားအပြောအဆိုတွေကနော်"
ဆူသလိုလိုနဲ့ပြောလာပြီး ကားထဲဝင်လာတဲ့ နူနာ။
.
.
.
"ကင်မ်ထယ်ယောင်းရော?အဟမ်း!""ဟိုနေ့က သခင်လေးဂျွန်နဲ့ဘာဖြစ်ခဲ့လဲမသိပေမဲ့ တစ်ခါမှဒေါသမထွက်ဘူးတဲ့ ကျွန်မတို့သခင်လေးက ဒေါသထိန်းဖို့ အရင်နေနေကြ နေရာကို ပြောင်းသွားပါတယ် သခင်လေးဂျွန်"
"ကျွန်တော့်ကြောင့်လား?"
"မဟုတ်ပါဘူး သခင်လေးက သူ့အကြောင်းနဲ့သူပါရှင့်"
"အွန်း အပြင်မှာပဲ မနက်စာစားတော့မှာမို့ ဒါတွေသိမ်းလိုက်ပါဗျ"
"ဟုတ်ကဲ့ပါရှင့်"
.
.
.
*တီ*"အွန်း သဲငယ်"
"ကိုကိုရေ..သဲငယ်ကော်ဖီဆိုင်ရောက်နေတာမို့ လာခဲ့ပေးပါလား?"
"ဟော~ကိုယ်နားနေဖို့ပြောတယ်လေ"
"ပျင်းလို့ပါ ကိုကိုကလဲ..လာခဲ့ပေးနော် "
"ဘယ်ဆိုင်လဲ သဲငယ်"
"The beautiful ဆိုင်၊ ကိုကို"
"ဟုတ်ပါပြီဗျ ကိုယ်လဲမနက်စာမစားရသေးတော့ အတော်ပဲ"
"မြန်မြန်လာခဲ့နော်၊သဲငယ်စောင့်နေမှာမို့"
"ဟုတ်ပါပြီဗျ"
ဂျောင်ဂုလဲ ကားကို ဦးတည်ရာပြောင်းလိုက်သည်။
ပြီးတာနဲ့ သဲငယ်ဆီသို့ သွားလိုက်သည်။.
.
.
"ကော်ဖီဆိုင်ကို အရင်ပို့ပေးနော် အမောင်လူချောလေး""ဟော~ရွဲ့တယ် ဒီနူနာတစ်ယောက်နဲ့တော့"
![](https://img.wattpad.com/cover/340404934-288-k459431.jpg)
YOU ARE READING
$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}
Fanfiction'မင်းဘာသာ ဘယ်ဟာမနဲ့အိပ်" ငါစိတ်မဝင်စားဘူး၊ဂရုလဲမစိုက်ဘူး ရိုင်း"ပြောရရင် မင်းဟာမနဲ့အိပ်တော့ ငါတောင်သက်သာသေးတယ်' #Taekook_Fic