"နူနာက သဘောတူမှာလား?"
"ဒါပေါ့"
"ဟျောင်းကရော?"
"ထယ်ယောင်းလေးပဲလေ သူက ဘာပြောမှာတဲ့လဲ?"
"အွန်း ဟုတ်သား..ကျွန်တော်လဲ နူနာနဲ့မို့ လက်ခံလိုက်တာ"
"အမှတ်တရပေါ့..နူနာတို့ မောင်နှမနှစ်ယောက်အတွက်"
"ဒါပေါ့ဗျ"
"ဒါမပေါ့နဲ့ ကိုယ်အပြစ်ကိုယ်သိ!အမောင်ကင်မ်ထယ်ယောင်း"
"နူနာကလဲ.."
ထယ်ယောင်းက ပြုံးပြလိုက်တော့ ...။
"မျက်နှာချိုလာသွေးပြနေတာပဲ"
"နူနာကလဲ တစ်သက်မှတစ်ခါ လုပ်ဖူးတဲ့
ဒီချစ်စရာမျက်နှာချောချောလေးကို အမှူးထားပြီး ခွင့်လွှတ်ပေးလိုက်လေ..နူနာနဲ့အဖွားကိုပဲ လုပ်ပြဖူးတာကို ခွင့်လွှတ်ပေးလိုက်ပါ""ဟုတ်ကဲ့ပါ့ရှင်..အဲ့တာမလို့ အပြင်စာစားတဲ့ကိစ္စကို ခွင့်လွှတ်ပေးလိုက်မယ်"
ထယ်ယောင်းက အပြင်စာတစ်ချို့နဲ့ ငယ်ငယ်ထဲက ဓာတ်မထည့်ပေ။ဒါကိုလဲ ဖွားဖွားနှင့် သူမသာသိသည်။အဲ့တာမလို့ အမြဲဆူနေရသည်လေ။
"အဲ့တာမလို့ တနေ့တခြားပိုပိုချောလာတာ နူနာက"
"တော်ရုံပဲမြှောက်ပါရှင်"
ထယ်ယောင်းလဲ ပြုံးရင်းပင် နူနာလုပ်ပေးတဲ့ မနက်စာကို စားလိုက်သည်။
.
.
.
"ဟယ်လို..တို့ မင်းကို ခိုင်းစရာရှိလို့""ဟုတ်ကဲ့ ခိုင်းပါ..မမလေးယွန်း"
"ချယ်ယိုရာကို နှောက်ယှက်ပေး!ပြီးရင် ရှင်နဲ့ကင်မ်ထယ်ယောင်း ပြဿနာမဖြစ်ဖြစ်အောင်လုပ်!"
"ဟုတ်ကဲ့ပါ မမလေး..သေသေချာချာလုပ်ခဲ့ပါမယ် ဒါနဲ့ ဘယ်နေ့လုပ်ရမှာလဲဗျ?"
"ညံ့လိုက်တာ ဒီနေ့ပေါ့..အခု သူတို့ ဒီဇိုင်နာဂျူရဲ့ရူတင်မှာ ရှိတယ်၊ရှင်က ချယ်ယိုရာနဲ့ ပွဲနည်းနည်းရှာလိုက်ရုံပဲ"
"ဟုတ်ကဲ့ပါ မမလေး"
"ရှင်လုပ်နိုင်ရင် လုပ်နိုင်သလောက် ကျွန်မက ဆုပြန်ချမှာမို့ အကောင်းဆုံးကြိုးစားပါ"
![](https://img.wattpad.com/cover/340404934-288-k459431.jpg)
YOU ARE READING
$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}
Fanfiction'မင်းဘာသာ ဘယ်ဟာမနဲ့အိပ်" ငါစိတ်မဝင်စားဘူး၊ဂရုလဲမစိုက်ဘူး ရိုင်း"ပြောရရင် မင်းဟာမနဲ့အိပ်တော့ ငါတောင်သက်သာသေးတယ်' #Taekook_Fic