𝙴𝚙𝚒𝚜𝚘𝚍𝚎 -10

16.3K 732 111
                                    

ဒယ်ဒီတို့က ညစာတူတူစားဖို့ခေါ်ထားတာမို့ ညနေစောင်းထဲက ပြောထားတဲ့အတိုင်း အိမ်တော်ကိုတန်းသွားလိုက်သည်။

"သားတို့ရောက်လာပြီလား?"

"ဟုတ်ကဲ့ဗျ"

"ထိုင်ကြအုံးကွယ်..မာမီတို့က ချက်တုန်းမလို့"

ဂျောင်ဂုလဲခေါင်းငြိမ့်ပြလိုက်သည်။
ထယ်ယောင်းကတော့ ဖုန်းကိုအကြည့်မခွာ။

"ဖုန်းကို ခဏလောက်ချထားပြီး နေလို့မရဘူးလား?"

"ဟမ်?"

ဖုန်းကြည့်နေရင်း သူ့ကိုလှည့်ကြည့်လာတဲ့ ထယ်ယောင်း။

"ဖုန်းကိုခဏချထားလို့ "

"အမိန့်ဆန်တဲ့စကားတွေ ငါမကြိုက်ဘူး ဂျွန်..ငါမျက်လုံးနဲ့ငါကြည့်နေတာမလား?အရိပ်အခြေလဲမသိရအောင် ကလေးလဲမဟုတ်ဘူး "

"အွန်း ပြီးတာပဲ"

*ပြောမိတဲ့လူအမှား..*

"အပြင်ထွက်မယ် လိုက်ခဲ့ပေး....

*သူဒီလိုပြောတော့ သေသေချာကြည့်လာတဲ့ ထယ်‌ယောင်း *

အကူအညီတောင်းတာပါ"

သူထိုသို့ပြောလိုက်တော့ ထယ်ယောင်းက မထိတထိရီသည်။

*သဘောကျတယ် သူဒီလိုလေးရီတာကို..လူသားချင်းစာနာလို့ သဘောကျတယ်လို့ ပြောပေးတာပါ တခြားစိတ်တော့မရှိပါဘူး*

"ပန်းခြံလား?"

"မဟုတ်ဘူး ..လိုက်သာလိုက်ခဲ့ပါကွာ"

"အွန်း"

"မာမီတို့ အကုန်ပြင်ဆင်ပြီးမှ ဖုန်းခေါ်လိုက်နော် ကျွန်တော်တို့ ခဏသွားဒိတ်မလို့!!!"

မီးဖိုခန်းထဲကြားအောင် အော်ပြောလိုက်တဲ့ ဂျောင်ဂု။
ဒိတ်တယ်ဆိုတဲ့အသံကြားတာနဲ့ကို ယောင်းမကိုယ်စီကိုင်ကာထွက်လာတဲ့ မာမီတို့။

"တကယ်ဒိတ်ကြမလို့လား?"

"အွန်း ဟုတ်တယ်ဗျ သွားလိုက်ပါအုံးမယ် ..လာလေ ထယ်ယောင်း"

မျက်လုံးပြူးမျက်ဆံပြူးနဲ့ သူနဲ့အတူလိုက်ဖို့ အတင်းခေါ်နေလို့ ထယ်ယောင်းလဲ ကားဆီရောက်တဲ့အထိဘာမှမပြောဘဲလိုက်ပေး လိုက်၏။

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now