ညဘက်အိမ်တော်ကို ပြန်ရောက်တော့လဲ ပန်းချီဆွဲမပြတ်တဲ့ ထယ်ယောင်း။
ဉာဉ့်နက်တဲ့အထိလဲ ဆွဲကောင်းနေတုန်းပင်။အခန်းက မီးမပိတ်မချင်း သူဆွဲနေတုန်းဆိုတာ အသိအသာပင်။*ထယ်ယောင်းက အိပ်ရင် မီးပိတ်မှအိပ်ပျော်သည်မလား?လူသားချင်းစာနာလို့ မှတ်မိနေတာပါ၊အထူးတလည်မှတ်ထားတာမျိုးတော့မဟုတ်ပါဘူး"
*ဒေါက်*
"ဝင်ခဲ့ပါ"
ထယ်ယောင်းရဲ့ခွင့်ပြုသံကြားမှ အခန်းထဲဝင်သွားလိုက်သည်။
ဟိုရောက်တော့ ဆေးနောက်တစ်ဗူးကို ရောစပ်နေတဲ့ ထယ်ယောင်း။
တံခါးဘက်ကို မျက်နှာပေးထားတာမို့ ဘာပုံဆွဲနေဆိုတာ မမြင်ရ။"မင်းမနက်ကျလဲ Company သွားရမှာမလား?အခုထိဆွဲနေရင် မနက်ကျ ပန်ဒါရုပ်ပေါက်နေလိမ့်မယ်"
"........"
ဘာစကားမှမပြောဘဲ ပုံဆက်ဆွဲနေတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂု သဘောမတွေ့။
"အခု မင်းက လျစ်လျူရှုနေတာလား?ငါ့စကားကို..ငါကလဲပြောချင်လို့ လာပြောတာမျိုးမဟုတ်ပါဘူး ဒီတိုင်း လူသားချင်းစာနာလို့ ..လုပ်ချင်လုပ်မလုပ်ချင်နေ သွားပြီ"
ဂျောင်ဂုထွက်သွားတော့မှ
"အစတည်းက အဲ့လိုဆိုပြီးနေတာကို..ဟန်ဆောင်စကားတွေက ပြောနေသေးတယ် "
ထိုအခါ အခန်းဝကနေ ခိုးနားထောင်နေသည်မလို့တံခါးဖွင့်ပြီး ပြန်ဝင်လာတဲ့ဂျောင်ဂု။
"အတင်းတုပ်တာလား?"
"မတုပ်ပါဘူး ပြောပြနေတာ..အခုမင်းလဲကြားပြီးပြီဆိုတော့ ထပ်ပြောမယ်..မင်းနေနေကြ ပုံစံအတိုင်းပဲနေ ..အတင်းဂရုစိုက်ပြမနေနဲ့
သူများရှေ့ရောက်မှ ထယ်ယောင်းကနေ ထယ် ဆိုပြီး ခေါ်တာကိုလဲ ပြင်စေချင်တယ်"ပြောပြီးတာနဲ့ စုတ်တံကို ရေးဆေးလိုက်ကာ နောက်တစ်ရောင်ပေါ်သို့ စိုက်ထည့်လိုက်သည်။
"ဒါဆိုလဲ မင်းရှေ့တင်ပဲ ထယ် လို့ခေါ်မယ်ကွာ ဘာဖြစ်ချင်လဲ?"
"ငါအခန်းထဲကနေ ထွက်သွားစေချင်တယ်..မင်းကြောင့် အာရုံမလာတော့ဘူး..သွားချည် "
YOU ARE READING
$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}
Fanfiction'မင်းဘာသာ ဘယ်ဟာမနဲ့အိပ်" ငါစိတ်မဝင်စားဘူး၊ဂရုလဲမစိုက်ဘူး ရိုင်း"ပြောရရင် မင်းဟာမနဲ့အိပ်တော့ ငါတောင်သက်သာသေးတယ်' #Taekook_Fic