𝙴𝚙𝚒𝚜𝚘𝚍𝚎 -18

16.5K 729 31
                                    

တူတူမောင်းနေရင်းနဲ့ ကားရပ်သွားတဲ့ ထယ်ကြောင့် ဘာများဖြစ်လဲပေါ့။ကိုယ်ဟန်လက်ဟန်နဲ့အရင်သွားဆိုပြီး ပြောနေသည်။သူလဲ မသိချင်ယောင်ဆောင်လိုက်၏။
ဂျောင်ဂုမမြင်ဘူးထင်ပြီး ဂျောင်ဂုဆီလျှောက်လာကာ ကားမှန်ကို လာခေါက်သည့် ထယ်ယောင်း။ကားမှန်ကို ဖွင့်ပေးလိုက်တော့....။

"အရင်သွားနှင့်ချည်..ငါနူနာကို ခေါ်ပြီး နောက်ကလိုက်လာခဲ့မယ်"

"အွန်း"

မချိုမချဉ်ရုပ်နဲ့ ပြန်ဖြေသည့် ဂျွန်။

*အဲ့တာမို့ သူ့ကားနဲ့သူသွားတာကို..နူနာ၊နူနာ၊နူနာ နဲ့တော်တော်ဖြစ်နေတာလား? *

ဂျောင်ဂုလဲ ကားကို ဘေးထိုးရပ်ကာ ထယ်ယောင်းရဲ့ကားနားသို့သွားလိုက်သည်။
ကားကိုလော့မချထားခဲ့တာမို့ ရှေ့ခန်းတွင် ဝင်ထိုင်သည်။
ပြီးတော့မှ အတွင်းရေးမှူးကို ဖုန်းဆက်ကာ သူ့ကားအား လာယူခိုင်းလိုက်သည်။ကားသော့ဘယ်နားထားခဲ့လဲဆိုတာပါ ပြောပြရင်းပေါ့။

"ဒါဆို သွားခွင့်ပြုပါအုံး..နူနာနာရာ"

"အွန်း..ကောင်းကောင်းသွားကြပါ"

နူနာနဲ့ကားရှေ့ကိုရောက်တော့ ဂျွန်ကားက အခုထိရှိနေသေးသည်။လူကိုတော့မတွေ့။
သူဟာသူလိုက်လာမှာပဲဆိုပြီး နူနာကို့ ကားတံခါးဖွင့်ပေးလိုက်တော့မှာ..။

"ဟင်?ဂျွန်ဂျောင်ဂုရှီ"

ထိုသို့ပြောတော့ သူမဟုတ်သလိုဘဲ မျက်စာပစ်ပြသည်။

"မင်းကားနဲ့မင်းသွားလေ.."

"မသွားချင်လို့ပေါ့..ချယ်ယိုရာရှီလဲပါလာတာပဲ.. တက်လေ သွားကြမယ်"

"မင်းနောက်ခုံမှာသွားထိုင် ဂျွန်ဂျောင်ဂုရှီ"

"ထိုင်ပြီးနေပြီလေ..ပြန်မထချင်ဘူး"

"မင်း!"

"ထားလိုက်ပါ ထယ်ယောင်းလေးရဲ့..နူနာနောက်မှာပဲထိုင်မယ်"

"ဟုတ်ကဲ့"

ထယ်ယောင်းနဲ့ချယ်ယိုရာလဲ အသီးသီးကားထဲဝင်ပြီးတာနဲ့ ထယ်ယောင်းက ကားမောင်းဖို့စတင်လိုက်သည်။
ပြီးတာနဲ့ ထွက်သွားတဲ့ကားလေး။

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now