𝙴𝚙𝚒𝚜𝚘𝚍𝚎 -17

16.9K 739 67
                                    

ညနေရုံးဆင်းအပြန်မှာ နူနာ့နဲ့အတူ အိမ်တော်ကို သွားလိုက်သည်။

ထယ်ယောင်းငယ်ငယ်ထဲက တူတူရှိလာတဲ့ အာဂျီမားကတော့ ချယ်ယိုရာကိုတွေ့တာနဲ့ ပြုံးပြောကာ စကားလက်ဆုံကြနေသည်လေ။

"နူနာ..ကျွန်တော်အပေါ်ကိုခဏသွားလိုက်အုံးမယ်.."

"ဟုတ်ပါပြီရှင့်"

ထယ်ယောင်းလှေကားတွေကနေတဆင့် အပေါ်ထပ်ကိုတက်သွားလိုက်သည်။ပြီးတာနဲ့ ဂျောင်ဂုအခန်းတံခါးအား ခေါက်လိုက်သည်။

*ဒေါက်*

"ဝင်ခဲ့ပါ"

ထယ်ယောင်းလဲ တံခါးဖွင့်ကာ ဝင်သွားလိုက်သည်။

"အာ~ထယ်"

"အွန်း..အောက်မှာ နူနာရောက်နေတယ်..မင်းကိုတောင်းပန်ချင်လို့တဲ့ ဘုနဲ့ဘောက်ပြောမယ်တော့မကြံနဲ့နော် ဂျွန်ဂျောင်ဂု "

"အဲ့တာလာပြောတာလား?"

"အွန်း အဲ့တာလာပြောတာ"

"အဲ့တာ‌ဆိုရင်တော့ ငါလဲငါပြောတတ်သလိုပဲ ပြောရမှာပေါ့..အထူးတလှယ် ဆင်ခြင်ရ‌အောင်လဲ သူမက ငါ့အမေလဲမဟုတ်ဘူး"

"‌စကားပြောရင် စည်းနဲ့ဘောင်နဲ့ပြောပါ..ဂျွန်
ဂျောင်ဂု..ပြီးတော့ ဒီမှာ ဆေး"

ဘောင်းဘီအိတ်ကပ်ထဲက ထုတ်ပေးတဲ့ ပါဆယ်ထုတ်အညိုနဲ့ ဆေးထုပ်လေး။

"ငါ..ငါ့အတွက်လား?"

"အွန်းလေ..လက်သွေးစို့သွားတယ်မလား?မနေ့ကထဲက တွေ့လိုက်တယ်..ဒါလိမ်း‌လိုက် ပျောက်သွားလိမ့်မယ်"

"အဟမ်း!ရပါတယ်..ဒီလောက်ကတော့.."

ထယ်ယောင်းက ထပ်ထိုးပေးလိုက်တော့မှ ယူသည့် ဂျောင်ဂု။

"ငါဆင်ခြင်ပြောပေးရမှာမလား?"

"အွန်း"

"နဂိုထဲက ငါက ဘုနဲ့ဘောက်ကြီးပဲပြောတတ်တာမဟုတ်လို့ စိတ်ပူမနေနဲ့"

တကယ်လို့ ထယ်သာ ဆေးမယူလာရင် ချယ်ယိုရာဆိုသူကို တကယ်ဘုနဲ့ဘောက်ပြောမိမှာ အသေအချာပင်။
အခုကျတော့ လူသားဆန်စွာနဲ့ပဲ အေးအေးဆေးဆေးပြောဖို့ လုပ်လိုက်သည်။

$𝐚𝐯𝐚𝐠𝐞 𝐊𝐢𝐦 {ᴄᴏᴍᴘʟᴇᴛᴇᴅ}Where stories live. Discover now