[Unicode]
ဆောင်းဦးရာသီမို့ မနက်ခင်းတွေဆို စောင်ပုံထဲက ထွက်ရတာကိုကပင် တော်တော်လေး ခက်ခဲတဲ့အရာတစ်ခု။ alarmက တဂွမ်ဂွမ်မြည်နေပေမဲ့ Jungkook မျက်ခုံးရှုံ့ကာ ပိုတိုးလို့ စောင်ခြုံကွေးမိတာ ပုစွန်ထုပ်လေးအတိုင်းပင်။ မျက်စိကသာ ပိတ်ထားတာ ခေါင်းထဲမှာ ဒီနေ့ ဒေါက်တာနဲ့ တွေ့ရမဲ့အတွေးတွေက စီစီရီရီ။ alarmကလည်း ဆက်မြည်နေတုန်းမို့ Jungkook ငြီးငြူ၍ ထထိုင်ရတော့တယ်။
မိနစ်ပိုင်းလောက်အထိ မျက်လုံးမပွင့်တပွင့်ဖြင့် စောင်ပုံထဲထိုင်နေတုန်း နောက်တစ်ကြိမ် alarmမြည်လာတော့ လန့်ကနဲဖြစ်ကာ အပျင်းကြောဆန့်လိုက်တော့မှ မျက်လုံးသေချာပွင့်တော့သည်။ရေချိုးခန်းထဲဝင်၊မျက်နှာသစ် သွားတိုက်လိုက်တော့မှ လန်းလန်းဆန်းဆန်းဖြစ်သွားတဲ့ Jungkook စိတ်ထဲ အခုမှ အင်တာနက်ဖွင့်လိုက်လို့ တန်းစီဝင်လာတဲ့ စာတွေအလား ခေါင်းထဲမှာ ‘ဒေါက်တာနဲ့သွားတွေ့ရင်’ဆိုပြီး အစချီထားတဲ့ အတွေးတွေက တိုးပြုံဝင်လာသည်။
"ဘယ်လိုလေးဝတ်သွားရမလဲ...ဆံပင်ကို ဘယ်လိုလေးလုပ်သွားရမလဲ...ဆီထည့်သွားရင်ကောင်းမလား..."
မှန်ကြည့်၍ တတွတ်တွတ် ပြောနေပြီးမှ ရုတ်တရက် ခါးမတ်ကာ ဟိုကြည့်ဒီကြည့်ဖြင့် နှုတ်ခမ်းကဆူလာသည်။ သူဘာကြောင့်ဒီလိုတွေ တွေးနေရလဲဆိုတာကို သူ့ကိုယ်သူ မေးခွန်းထုတ်မိသွားတဲ့ အကျိုးဆက်လေးပေါ့လေ...။
ရုတ်တရက် တစ်ခုခုကိုသတိရသွားတော့ နှာခေါင်းလေးရှုံကာ ရှေ့သွားနှစ်ချောင်းလေးပါ ပေါ်အောင်ပြုံးမိပြီး အောက်ကို ခပ်မြန်မြန်ပြေးဆင်းသည်။
"မေမေ!"
မီးဖိုချောင်ထဲ မနက်စာပြင်နေတုန်းဖြစ်တဲ့မေမေက သူ့အော်သံကြောင့်
တွန့်ကနဲဖြစ်သွားပြီး သူ့လှည့်ကြည့်သည်။"ဘာတုန်း သားလေး"
"ဒီနေ့ မမဆယ်ဝန်း လာမှာမလား ဒီနေ့ကစပြီး သားဆီ နေ့တိုင်းလာပေးမှာမလား"
မေမေက အားရပါးရပြုံးကာ ခေါင်းညိတ်ပြသည်။ပြီးတော့မှ မေမေ့ကို ရေချိုးမဲ့အကြောင်း ပြောပြီး အပေါ်ထပ်ကို တဖန် တက်တက်ကြွကြွပြေးတက်ပြီး လှုပ်တုပ်တုပ်လေးပြုကာ ရေချိုးခန်းထဲ ဝင်သွားတော့သည်။

YOU ARE READING
Just a Glance
RomanceWhen I look into your eyes, I want you to be mine. Jung Hoseok x Jeon Jungkook